အခန်း84

541 75 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၈၄ ကျွန်တော်နဲ့ ထိုက္တန္တယ္လို့ မထင်ပါဘူး

ဒါက ဒီအတိုင်း စာလေးနဲ့ ပုံလေးပဲလေ။ ဘာလို့ ဒီလောက်အထိ တက်ကြွဖို့ လိုနေတာလဲ။
ငါနဲ့ဝေးဝေးနေကြပါ ဟုတ်ပြီလား

လုကျိုးက ထိုစာတွေကို မမြင်ချင်ယောင်သာ ဆောင်လိုက်လေရင်း ဝေ့ပေါ်ကို ပိတ်လိုက်သည်။ ထို့နောက် ဒါက အခွင့်အရေးကောင်း တစ္ခုဆိုတာကို ပြန်သတိရလိုက်၏။ သူ့ရဲ့မျက်လုံးတွေ တောက်ပသွားခဲ့ကာ လက်ချောင်းတွေက ဖန်သားပြင်ပေါ်တွင် တဖျတ်ဖျတ်လှုပ်ရှားလေရင်း သူ့ရဲ့ ကျောင်းတွင်းရထားကို ကြော်ငြာတဲ့ စာကို ရေးလိုက်တော့သည်။

ကျေနပ် သွားပြီးသည့်နောက် သူ တင်လိုက်တော့၏။ ထို့နောက် တစ်ခဏစောင့်ကာ ကွန့်မန့်တွေ တက္လာတာကို စောင့်ကြည့်လိုက်သည်။ စာတွေကို ဖတ်ရင်း သူ ဆြံ့သြားရေတာ့၏။

[ဒီ အက်ပလီကေးရှင်းက တစ္လလုံးလုံး အပ်ဒိတ်မဖြစ်ဘူးမလား ရှိတောင်ရှိသေးရဲ့လား (ပြုံးနေတဲ့ပုံ) ]

[သူဌေးလုက ဆိုင်တစ်ဆိုင်ဆီကို လမ်းလျှောက်သွားတယ်။ လူတိုင်းက သူ့ကို ရယ်ရင်းပြောကြတယ်။ သူဌေးလု ဝေ့ပေါ်မှာ ထပ်ပြီး ကြော်ငြာပြန်ပြီလား သူဌေးလုက မတုန့်ပြန်ဘူး။ သူက အလုပ်သမားကိုပဲ ပြောလိုက်တယ်။ ကြော်ငြာတစ်ခု ထပ်ထည့်ပေးပါအုံး ထို့နောက် သူက ပိုက္ဆံအထပ္လိုက္ကို ဆွဲထုတ်လိုက်သည်။ လူတွေ အော်ဟစ်လိုက်ကြ၏။ ဒီ အက်ပလီကေးရှင်းက ပျက်စီးနေပြီလေ သူဌေးလုက ပြောသည်။ မင်းတို့တွေ လိမ်နေကြတာ ငါတို့ မလိမ္ဘူး မင်းရဲ့အက်ပလီကေးရှင်းက ထရန့်တင်းရဲ့ အောက်ဆုံးကို ရောက်နေပြီ သူဌေးလုက ဒေါသတကြီးဖြစ်သွားခဲ့ကာ သွေးကြောတွေပင် ထောင်ထရင်းပြော၏။ အောက်ဆုံးမှာ ရောက်နေသေးတာမှ မဟုတ္တာ ဒါက ပိတ်ရက်လတွေဖြစ်နေလို့ပဲ ထို့နောက် သူဌေးလုက အက်ကလီကေးရှင်း လုပ်ဆောင်ချက်တွေကို စကားနဲ့ပင် မဖော်ပြနိုင်တော့ပေ။ ပိတ်ရက်တွေမို့ ကျောင်းသူ၊ ကျောင်းသားတွေက ရထား မစီးတတ္ဘူးဆိုတဲ့ အကြောင်းကိုသာ ပြောလိုက်၏။ ထိုစကားက လူအုပ္ကို သူ့ကို ရယ်စေသည်။]

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now