အခန်း105

431 56 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၁၀၅ ဘ၀မွာ ၀မ်းနည်းစရာ အကောင်းဆုံး အရာ

ဝေဖုန်းက မနေ့ညက အိပ်လို့ပင် မရခဲ့ပေ။ ဒီအစည်းအဝေးပွဲက သူ စိတ်လှုပ်ရှားစေခဲ့သည်။

အစည်းအဝေးပွဲတွင် ကလပ် ဥက္ကဌ လုကျိုးက စီးပွားရေးနဲ့ ပတ်သက်တဲ့ သတင်းပေါင်းများစွာကို ကြေညာခဲ့သည်။ အဲ့ဒါတင် မကဘဲ သူ အရင်က လိုချင်ခဲ့တဲ့ အရာတွေကိုလည်း ဖြည့်ဆည်း ပေးခဲ့သေး၏။

ဒီနေ့ကစပြီး ဝေ့ဖုန်းက ကျောင်းတွင်း လက်ထောက်ရဲ့ ရှယ်ယာပိုင်ရှင်တွေထဲက တစ်ယောက် ဖြစ်သွားပြီဖြစ်သည်။ သူ့တွင် ၁.၃ ရာခိုင်နှုန်း ရှယ်ယာပိုင်ဆိုင်ထား၏။ ဒါတောင်မှ သူက ဂုဏ္တက္သလို ခံစားရကာ စိတ်လှုပ်ရှားလာရပေသည်။ သူ့ရဲ့အဆောင်ကို ပြန်သွားလိုက်ရင်း သူ့ရဲ့အခန်းဖော်တွေ ဗီဒီယိုဂိမ်း ကစားနေတာကို မြင်လိုက်ရ၏။ သူ့ရဲ့သူငယ်ချင်းတွေက သူ ပျော်နေတာကို မြင်တော့ သူ့ကို ပြုံးရင်း မေးကြသည်။

အစ်ကိုဖုန်း ဘယ္က ပြန်လာတာလဲ ၊ကျွန်တော်တို့နဲ့ မကစားတော့ဘူးလား

ငါ ကလပ် အစည်းအဝေးပွဲက ပြန်လာတာလေ၊ မင်းတို့ကောင်တွေပဲ ကစားကြပါ ။ငါလုပ်စရာတွေ ရှိသေးတယ်
ဝေဖုန်းက အပြုံးနဲ့ ပြောလာ၏။

သူက လွန်ခဲ့တဲ့လတွင် ပြီးခဲ့တဲ့ စာသင်နှစ်ကထက်ပိုပြီးတော့ လေ့လာနိုင်ခဲ့သည်။ သို့သော် ဆော့ဝဲ တိုးတက်မှုစွမ်းရည်တွေနဲ့ ပတ်သက်ပြီး အတန်းထဲတွင်တော့ လေ့လာလို့ မဖြစ်နိုင်ပေ။ သို့သော် သူက စာအုပ်တွေ ဖတ်ခဲ့ပေ၏။

သူတို့အသင်းထဲတွင် ဌာနတိုင်းရဲ့ပါရမီရှင်တိုင်း ပါဝင်နေသည်။ ဒါကြောင့် သူက ကြိုးစားမှု နည်းပါးသွားပါက အချိန်မရွေး ဖိအားဝင်နိုင်ပေသည်။ သူက ရုန်ဟိုင်ပြီးရင် တစ်ဦးတည်းသော ကျန်တဲ့ ပရိုဂရမ္မာ ဖြစ်သည်။ သူ့ရဲ့ဖင်နားမှာ ၁.၃ ရာခိုင်နှုန်းဆိုတဲ့ ရှယ်ယာတွေက မီးရှို့နေသလိုမျိုးဖြစ်ကာ သူ့ကို ရှေ့ကို ပြေးအောင် လုပ်နေသလိုပါပေ။

အစောပိုင်းတွင် သူက စာကြည့်တိုက်ကို သြားခဲ့ကာ ရုန်ဟိုင် သူ့ကိုဖတ်ဖို့ ညွှန်ပေးလိုက်တဲ့ စာအုပ်နှစ်အုပ်ကို ငှားလာခဲ့သည်။ သူအဆောင်ကို ပြန်လာတဲ့အခါမှာတော့ သူ့ရဲ့ ဒီရှိသမျှအချိန်တွေ အားလုံးကို အဆင့်မြှင့် အယ်ဂိုရီသန်တွေ လေ့လာဖို့ ဆုံးဖြတ်လိုက်တော့သည်။  သူက ပါရမီမရှိဘူးဆိုပေမယ့် အလုပ်သာ ပြင်းပြင်းထန်ထန်လုပ်ကိုင်မယ်ဆိုရင် အခြားသူတွေကို မော့ကြည့်နေစရာ မလိုတော့ပေ။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now