Chapter(59)သူကကောင်းချီးပေးခံရတာဘဲ(၁)

5.5K 1K 10
                                    

Chapter(59)
ဝူချွင်ချင်သည် ဝူရှောင်ရန်က လက်ဆောင်တွေကို ခိုးယူသွားသည့် လူတွေကို  အပြစ်တင်ရမည့်အစား သူ့ကို ပြောလာတာကြောင့် ဒီကိစ္စမှာ သူ့အဖေကလည်း ပါဝင်ပတ်သတ်နေမယ်ဆိုတာ သိလိုက်တယ်။သူက ဒီမိသားစုမှာ ဘယ်တော့မှ မရှိခဲ့သလိုမျိုးခံစားရတယ်။

"အဘိုး ကျွန်တော်က လက်ဆောင်ပစ္စည်းတွေကို ဘယ်သူက ယူသွားလဲဆိုတာ ဖော်ထုတ်ပေးဖို့ မမျှော်လင့်ဘူး။ဒါပေမဲ့ သူတို့အားလုံးက ရုန်အာရဲ့ ပစ္စည်းတွေကို ပြန်ပေးစေချင်တယ်"ဝူချွင်ချင်က ဝူပုဖန်ကို ပြောလိုက်တယ်။

"သေချာတာပေါ့ မင်းတို့ရဲ့ပစ္စည်းတွေအားလုံးပြန်ရစေရမယ်"ဝူပုန်ဖုန်က ပြောလိုက်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။

အခုချိန်မှာ ဟေးရှင်းက ဒီနေရာမှာ ရှိနေတာကြောင့် တကယ်လို့ သူကလက်ဆောင်ပစ္စည်းတွေ အားလုံးကို ပြန်မပေးနိုင်ဘူးဆိုရင် ဒီအကြောင်းကို ဝူချန်ဇီက သိသွားနိုင်တယ်။ဒါဆို သူက မျက်နှာ ပျက်စရာဖြစ်လာလိမ့်မယ်.။

ပြီးတော့ အပြင်လူတွေကသာ ဝူမိသားစုက ဂျူနီယာတစ်ယောက်စီက လက်ဆောင်ပစ္စည်းတွေခိုးယူထားမှန်းသိသွားရင် သူတို့က ဝူမိသားစုကို လှောင်ရယ်လိမ့်မယ်။ဒါဆိုရင်တော့ ဝူမိသားစု၏ဂုဏ်သိက္ခာက လုံးဝပျက်စီးသွားလိမ့်မယ်။

ဒီအကြောင်းကိုတွေးမိတာနဲ့ဝူပုဖန်က ဒေါသတကြီး ပြောလိုက်တယ်။

"ချွင်ဂျင် မင်းတို့က ဘယ်လိုလုပ်ပြီး ဂျူနီယာတစ်‌ယောက်စီက ပစ္စည်းတွေခိုးယူရတာလဲ?အခုချက်ချင်း ရုန်အာရဲ့ သတိုးသမီးတင်တောင်းလက်ဆောင်တွေကို ပြန်ပေးဖို့လုပ်.ပြီးရင် မင်းက ငါ့စီကို ဒီအကြောင်းနောင်တရကြောင်းစာရေး"

ဝူချွင်တုန်သည် လက်ဆောင်ပစ္စည်းတွေကို ယူထားသညါ့အကြောင်းကို ဝန်ခံလိုက်တာကြောင့် သူတို့က ငြင်းလို့မရတော့ဘူး။

ဝူချွင်တုန်သည် လက်ဆောင်ပစ္စည်းတွေကို ပြန်ပေးရမည့်အကြောင်းကို ကြားတော့ မပျော်ရွှင်တော့ဘဲ ပြောလိုက်တယ်။

"ငါတို့က ပစ္စည်းတွေကိုဘာကြောင့် ယူထားလို့မရတာလဲ?"

"တကယ်လို့ သင်က ယူထားချင်ရင် မင်းက ငွေပေးလိုက်။ပစ္စည်းတစ်ခုချင်းစီက အနည်းဆုံးငွေပြားတစ်သန်းတန်ကြေးရှိပြီး အချို့ပစ္စည်းတွေဆိုရင် ငွေပြားငါးသန်းတန်ကြေးရှိတယ်"ဟေးရှင်းက ပြောလိုက်တယ်။

COTAW(unicode)Where stories live. Discover now