Chapter(171+172+173)

3.9K 768 25
                                    


Chapter(171)
ကျောက်စိမ်းပြား

ဝူရုန် ခန်းမထဲကိုဝင်လာတဲ့အချိန်မှာ ဝူချွင်ချင် ဂေါင်တုန်နှင့်ဝူရှိတို့က ဝူရှိကို ကျောင်းသွားတက်ဖို့အကြောင်း ဆွေးနွေးနေတာကို ကြားလိုက်ရတယ်။

သူက ကန့်ကွက်လိုက်တယ်"ဒီနေရာမှာရှိတဲ့ကျောင်းတိုင်းက ကျောင်းသူကျောင်းသားတိုင်းက ချမ်းသာပြီးစွမ်းအားရှိတဲ့သူတွေဘဲ။ကျွန်တော်တို့က ဒီမြို့က မဟုတ်သလို ကျွန်တော်တို့ရဲ့မိသားစုကလည်း ပျက်စီးသွားပြီ။တကယ်လို့ဝူရှိကသာ ဒီကျောင်းတွေကိုသွားခဲ့မယ်ဆိုရင် သူမအနိုင်ကျင့်ခံရလိမ့်မယ်။တကယ်လို့သူမသေသွားရင်တောင် တစ်ယောက်ကမှဂရုစိုက်မှာမဟုတ်ဘူး"

အရင်ဘဝတုန်းက သူက အဲဒီကျောင်းတွေမှာနောက်ခံမရှိတဲ့ကျောင်းသားတွေက သေဆုံးသွားတဲ့အကြောင်းတွေကို အများကြီးကြားဖူးတယ်။

ဂေါင်တုန်က ထိတ်လန့်သွားပြီးမေးလိုက်တယ်"တကယ်လား?"

ဝူချွင်ချင်ကလည်း ဝူရုန်က ဒီကျောင်းတွေအကြောင်းကိုသိနေတာကြောင့် အံ့အားသင့်သွားတယ်"ရုန်အာ ရှိအာက ဘယ်ကျောင်းကိုသွားသင့်လဲ?"

အရင်ဘဝတုန်းက သူ့ရဲ့မှတ်ဉာဏ်တွေအကြောင်းကို စဉ်းစားလိုက်ပြီးနောက်မှာ ဝူရုန်ရဲ့မျက်ဝန်းတောက်ပသွားပြီးပြောလိုက်တယ်"မစိုးရိမ်နဲ့။ကျွန်တော့်ရဲ့အစီအစဉ်အတိုင်းဘဲလုပ်ဖို့လိုတယ်"

မနက်စာစားပြီးနောက်မှာ ဝူချွင်ချင်က ဝူရုန်နှင့်အတူ ဝူဇူရဲ့အကြောင်း ဆွေးနွေးလာတယ်။

ဝူရုန်က သူကြားခဲ့သတင်းကို သူ့အဖေကိုပြောပြလိုက်ပြီး သူ့အဖေက အင်ပါယာမြို့တော်က လမ်းတွေမှာသူ့အကိုကို ထွက်ရှာဖို့လုပ်တာကို တားဆီးလိုက်တယ်။ဒါကပြသနာဘဲဖြစ်လာစေလိမ့်မယ်။

ဝူချွင်ချင်သည် ဝူမိသားစုကလည်းပါဝင်ပတ်သတ်လာတာကြောင့် ဒီကိစ္စက သူထင်ထားတာထက် ပိုခက်ခဲမှန်းသူလည်းသိတယ်။သူက ဟေးရွမ်ရီထံက သတင်းရဖို့ကိုသာ စောင့်နိုင်တယ်။

"မစိုးရိမ်နဲ့ ကျွန်တေ်တို့ သူ့ကိုရှာတွေ့ပါလိမ့်မယ်"ဝူရုန်က ကတိပေးလိုက်တယ်။

COTAW(unicode)Where stories live. Discover now