265-267

3.1K 539 6
                                    

265-267
Chapter(265)
အသားရောင်(1)

နေ့လယ်စာစားပြီးချိန်မှာတော့ ဝူရုန်နှင့်ဟေးရွမ်ရီက ဝူရုန်က ဟေးရွမ်ရီရဲ့လျှို့ဝှက်စွမ်းရည်ကို စမ်းကြည့်ဖို့အတွက် ဥကလေးနှင့်ကျင်းရှင်ရဲ့ခြံဝင်းကို လာခဲ့ကြတယ်။

"ကျွန်တော်တို့ ဘာကြောင့် ဥကလေးရဲ့ခြံဝင်းကို လာတာလဲ?"ဝူရုန်က စိတ်ရှုပ်သွားတယ်။

ဟေးရွမ်ရီက ရှင်းပြလိုက်တယ်"ကိုယ်တို့ အသုံးပြုမယ့်စွမ်းရည်ကို အဖြူရောင် အရိုးနည်းပညာလို့ခေါ်တယ်။မင်းက မြေအောက်မှာရှိတဲ့ အရိုးတွေကို စစ်သားတွေ အခြားလူတွေကို တိုက်ခိုက်ဖို့ ဆင်ခေါ်နိုင်တယ်။ကိုယ် အရင်က ကိုယ်တို့ခြံဝင်းမှာ ဆင့်ခေါ်ခဲ့တာကို မှတ်မိလား?ဒါကြောင့် က်ိုယ်တို့က ဥကလေးရဲ့ခြံဝင်းမှာဘဲ ဆင့်ခေါ်သင့်တယ်"

"အခု ကျွန်တော်သိပြီ။ခင်ဗျားပြောချင်တာက ဆင့်ခေါ်လိုက်တဲ့ အရိုးတွေက ခင်ဗျားရဲ့စိတ်စွမ်းအင် အဆင့်ပေါ်မှာ မူတယ်တယ်လို့ ဆိုလိုချင်တာလား?"

"အင်း"

"အခု ကျွန်တော်က ခင်ဗျားတို့ရဲ့လျှို့ဝှက်စွမ်းရည်ကို ကြးိုစားကြည့်မယ်"ဝူရုန်က ပြောလိုက်တယ်။

သူက ဟေးရွမ်ရီရဲ့လှုပ်ရှားမှုအတိုင်း စိတ်စွမ်းအင်တွေကို ထုတ်ဖော်လိုက်တယ်။

ဟေးရွမ်ရီက သတိပေးလိုက်တယ်"မင်းရဲ့ စိတ်စွမ်းအင်ကို ထိန်းချုပ်ထား။တစ်အိမ်လုံးက အရိုးတွေကို မဆင့်ခေါ်နဲ့။မဟုတ်ရင် မင်းမိဘတွေကို ခြောက်လန့်သလိုဖြစ်သွားမယ်"

ဝူရုန်က သူ့ရဲ့စိတ်စွမ်းအင်တွေကို ထိန်းချုပ်ထားလိုက်ပြီး သူ့ရဲလက်ချောင်းထိပ်ကို ပို့လွှတ်လိုက်တယ်။နောက်တော့ သူက မြေကြီးပေါ်ကို ညွှန်ပြလိုက်တာနှင့် ငလျင်လှုပ်သလိုမြေကြီးက တုန်ခါလာပြီး  အရိုးခြောက်အနည်းငယ် ထွက်ပေါ်လာတယ်။

"ဒီတော့ ကျွန်တော်က တကယ်ဘဲ ခင်ဗျားတို့ စွမ်းရည်ကို အသုံးပြုနိုင်တာပေါ့"ဝူရုန်က အရိုးခြောက်တွေကို ကြည့်ပြီး အံ့အားသင့်စွာပြောလိုက်တယ်။

"အင်း"ဟေးရွမ်ရီက အဖြူရောင်အရိုးတွေကို ကြည့်ပြီး ပြောလိုက်တယ်။

COTAW(unicode)Where stories live. Discover now