Chapter(74)

5.5K 1K 29
                                    

Chapter(74)ခင်ဗျားကို ဘယ်လိုဖိသတ်မလဲစောင့်နေလိုက်(၁)

ရှိယန်သည် ခေါင်းငြိမ့်လိုက်ပြီး ဒီကိစ္စကို ဝူရုန်က လက်ခံဖို့ခက်ခဲနေတယ်ဟု တွေးလိုက်တယ်။

"ငါဘာတွေးနေတယ်လို့ထင်လဲ?"ဝူရုန်က ပြောလိုက်တယ်။

ရှိယန်တို့လေးယောက်က ဝူရုန်က စိတ်တိုနေတယ်ဟု ခံစားရတာကြောင့် ဘာမှမပြောရဲတော့ဘူး။သူတို့က ဝူရုန်ကို အောက်ခံဝတ်စုံအဖြူကို ဝတ်ဆင်စေပြီး အပေါ်ကနေ ခြုံထည်ကို လွှမ်းခြုံပေးလိုက်တယ်။

ထို့နောက် သူတို့လေးယောက်က ဝူရုန်ကို ရေချိုးခန်းထဲမှ အိပ်ခန်းထဲကို ကူညီပြီးတွဲပို့ပေးလိုက်ကြတယ်။

ဝူရုန်က ဟေးရွမ်ရီက သူဒီလောက်ထိဝနေတာတောင် သူနှင့်အိပ်ချင်နေတယ်ဆိုတာ ယုံကြည်ဖို့ခက်ခဲနေတယ်။

ဟေးရွမ်ရီက အိပ်ရာပေါ်မှာလဲနေပြီး နူမူပေးခဲ့တဲ့ ကပ်ပါးကောင်တွေကို ထုတ်တဲ့ဆေးညွှန်းကို ဖတ်နေတာဖြစ်တယ်။သူက ဝူရုန်ဝင်လာတာနှင့် ဆေးညွှန်းကို ခေါင်းအုံးအောက်မှာ ထိုးထည့်လိုက်တယ်။

ဝူရုန်က အစေခံတွေထားခဲ့သည့်နေရာမှာဘဲ မဲမှောင်နေတဲ့မျက်နှာနှင့် မလုပ်မရပ်ဘဲ ရပ်နေလိုက်တယ်။

ဟေးရွမ်ရီက ဝူရုန်ကို ပြောလိုက်တယ်"အိပ်ရာပေါ်တက်တော့"

ဝူရုန်က ဒေါသထွက်လာပြီး ဟေးရွမ်ရီကို လက်သီးနှင့်ထိုးချင်နေတာကို ထိန်းချုပ်နေရတယ်။

ဟေးရွမ်ရီက ဝူရုန်က တုတ်တုတ်မှ မလှုပ်သေးတာကို တွေ့တော့ မျက်မှောင်ကြုတ်လိုက်ပြီးပြောလိုက်တယ်"အိပ်ရာပေါ်တက်တော့"

"ကျွန်တော့်ကို အိပ်ရာပေါ်သယ်ပို့ပေး"ဝူရုန်က ပြောလိုက်တယ်။

ခင်ဗျားက ကျွန်တော်နဲ့အိပ်ချင်တာမလား?

ကောင်းပြီလေ။အရင်ဆုံးသယ်ကြည့်လိုက်......

"......."ဟေးရွမ်ရီ

မသယ်နိုင်ဘူးမလား?ဒါကို သူနဲ့အိပ်ချင်သေးတယ်။

ခင်ဗျားကို ကျွန်တော်က ဘယ်လိုဖိသတ်မလဲဆိုတာစောင့်နေလိုက်.....ဝူရုန်က လှောင်လိုက်တယ်။

COTAW(unicode)Where stories live. Discover now