288-290

2.4K 503 5
                                    


Chapter(288)
ဘယ်လိုတောင်အလိုက်သလဲ(1)

စိတ်ဝိညာဉ်သားရိုင်းက ဝူရုန်ရှေ့ကို မရောက်ခင်မှာဘဲ ဝူရုန်က လက်ကို ဆန့်ထုတ်လိုက်ပြီး နူးညံ့စွာ ပြောလိုက်တယ်"ကောင်လေး စိတ်လျော့"

ဝူရုန်က စိတ်ဝိညာဉ်သားရိုင်းနှင့်ထိလိုက်တဲ့အခါ ဝူရုန်က မှော်ပညာကို သုံးလိုက်သလိုမျိုး ဒေါသထွက်နေတဲ့စိတ်ဝိညာဉ်သားရိုင်းက တည်ငြိမ်သွားတယ်။အခြားသော စိတ်ဝိညာဉ်သားရိုင်းကလည်း ဝူရုန်ဘေးကို လျှောက်လာပြီး ဝူရုန်ကို စိတ်ကျေနပ်မှုအိမ်မွေးတိရစာ္ဆန်တစ်ကောင်လိုမျိုးပြုမူတယ်။

ဝူရုန်က တောက်ပစွာ ပြုံးလိုက်ပြီး ပရိတ်သတ်တွေကို သူ့အလှမှာ အံ့အားတကြီးငေးမောသွားစေတယ်။

ဝူရုန်နှင့်အနီးဆုံးမှာရှိနေတဲ့သူက ဝူရုန်ရဲ့လှပတဲ့မျက်လုံးရဲ့သက်ရောက်မှုကို ခံလိုက်ရပြီး"ငါက သူ့ဘေးမှာနေရမယ်ဆိုရင် အိမ်မွေးတိရစာ္ဆန်တစ်ကောင်လိုနေဖို့ဆန္ဒရှိတယ်။ငါ့ရဲ့ဘဝကို သူ့ရဲ့အပြုံးတွေကို မြင်ရဖို့အတွက် စတေးလိုတယ်"

"သူက ငါ့ပိုင်တာဘဲ။ငါတစ်ယောက်ထဲကသာ သူ့အပြုံးကို မြင်ရတဲ့သူဖြစ်တယ်။မင်းတို့တွေ တစ်ယောက်မှ သူ့နားကပ်ဖို့ မတွေးလိုက်နဲ့"

"ငါ သူ့ကိုလက်ထပ်ချင်တယ်"

ရုတ်တရက် လူတစ်ယောက်ရဲ့ဒေါသတကြီးအော်သံက ထွက်ပေါ်လာတယ်"မင်းတို့ ခွေးမသားတွေ အသိတရားဝင်စမ်း!!""

ပရိတ်သတ်တွေက သတိပြန်ဝင်လာတဲ့အခါမှာတော့ တစ်ယောက်နှင့်တစ်ယောက် ဗလာမျက်ဝန်းတွေနှင့် စိုက်ကြည့်လိုက်ပြီး ပြောလိုက်ကြတယ်။

"ငါက ဘာမှားသွားတာလဲ?"

"ဘာကြောင့် ငါက ဒီမှာ ရှိနေတာလဲ?"

"ငါချစ်တဲ့ မိန်းကလေးကရော ဘယ်မှာလဲ?"

တစ်စုံတစ်ယောက်က သူတို့ကို မျက်လုံးလှန်ကြည့်လိုက်ပြီး"မင်းတို့က အခု ဝူမိသားစုရဲ့စိတ်ဝိညာဉ်ဘာသာစကား စိတ်ညှို့ပညာရပ်နဲ့ ပြုစားခံလိုက်ရတာဘဲ။သူ့ရဲ့စိတ်ဝိညာဉ်ဘာသာစကားက အံ့သြစရာကောင်းတယ်။သူက လူသားတွေကိုတောင် အကျိုးသက်ရောက်စေပုံဘဲ"

COTAW(unicode)Where stories live. Discover now