346-347

2K 380 1
                                    


Chapter(346)
ဝိညာဉ်မုဆိုး(1)

"ငါ သူမကိုတွေ့ခဲ့ပြီး ညမှာဖြစ်ပျက်ခဲ့တာကို မှတ်မိသေးတယ်။အဲဒီအချိန်တုန်းက ငါက အကြောင်းပြချက်မရှိဘဲ အစာအိမ်နာနေခဲ့တယ်။ချွင်ချက်က ငါ့အတွက် သမားတော်တွေအများကြီးငှားရမ်းခဲ့ပေမဲ့ သူတို့က ဘာရောဂါလည်းဆိုတာ မပြောနိုင်ခဲ့ဘူး။သူတို့က ငါက ကုယ်ဝန်ဆောင်ထားတာကြောင့် ပြသနာရှိနေတယ်လို့ ယူဆခဲ့ကြတယ်။ဆေးဝါးတွေက အလုပ်မဖြစ်တာကြောင့် ငါက တစ်ညလုံးနာကျင်နေခဲ့တယ်။နောက်တစ်ရက်ကျတော့ ပိုပြီးနေလို့ကောင်းလာခဲ့တယ်"ဂေါင်တုန်က အဲဒီအချိန်တုန်းက ဖြစ်ပျက်ခဲ့တဲ့ ဆိုးဝါးတဲ့အမှတ်တရကို ပြန်တွေးလိုက်ပြီး ဆက်ပြောလိုက်တယ်"အဲဒီအချိန်တုန်းက ငါက သေတော့မယ်လို့တောင်ထင်နေခဲ့တာ"

"ထူးဆန်းတယ်။ငါက အဲဒီတုန်းက အရာရာကိုမှတ်မိပေမဲ့ မင်းအတွက် သမားတော်တွေကို ခေါ်ပြီးတဲ့နောက်မှာတော့ ဘာဖြစ်လည်း မသိတော့ဘူး"ဝူချွင်ချင်က ပြန်စဉ်းစားလိုက်ပြီး ပြောလိုက်တယ်။

"ငါလည်း ဘာတွေဖြစ်သွားလည်း ဆိုတ မမှတ်တော့ဘူး။နောက်တစ်နေ့ ကျွန်မနိုးလာတော့ ရှင်က ကျွန်မအိပ်ရာဘေးမှာ အိပ်ပျော်နေတာလေ။ပြီးတော့ အစာအိမ်နာတာကလည်း "သက်သာသွားခဲ့တယ်"ဂေါင်တုန်က ပြောလိုက်တယ်။

"အမေ အဲဒီအချိန်တုန်းက အမေက ကပ်ပါးပြုစားကောင်တဲ့ ပြုစားခံရတာဖြစ်နိုင်လား?"ဝူရုန်က မေးလိုက်တယ်။

ဖြစ်နိုင်တာက အဲဒီအချိန်တုန်းက ကပ်ပါးပြုစားကောင်တွေက သူမရဲ့ခန္ဓာကိုယ်ထဲမှာ ရှိနေခဲ့တာဖြစ်နိုင်တယ်။

"ကပ်ပါးပြုစားကောင်လား?"ဂေါင်တုန်က ခေါင်းခါလိုက်ပြီး"အမေက ကပ်ပါးပြုစားကောင်တွေအကြောင်းမသိဘူး။တကယ်လို့ ပြုစားခံရရင်တောင် အမေက သိမှာမဟုတ်ဘူး"

"အဲဒါက နှစ်တွေအများကြီး ကြာခဲ့ပြီ။အခုချိန်မှာ အဲဒီအကြောင်း ပြန်တွေးဖို့ မလိုတော့ပါဘူး"ဝူချွင်ချင်က ဂေါင်တုန်၏ပခုံးကို ဖက်လိုက်ပြီးနှစ်သိမ့်ပေးလိုက်တယ်။

ဂေါင်တုန်က ခေါင်းငြိမ့်လိုက်တယ်။

ဝူရုန်နှင့်ဟေးရွမ်ရီက တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြပြီး စကားတော့ မပြောပါဘူး။

COTAW(unicode)Where stories live. Discover now