344-345

1.9K 361 3
                                    


Chapter(344)
ချစ်ခြင်းကျိန်စာ(1)

ဝူချန်ဇီက ဒီအော်သံကြောင့် သတိပြန်ဝင်လာတယ်။သူရဲ့မေးရိုးကို ဝူဝေ့ရွယ်က တွန်းထုတ်နေတာကြောင့် စိတ်ရှုပ်သွားပြီး မေးလိုက်တယ်"ဝေ့ရွယ် မင်းဘာလုပ်နေတာလဲ?"

"အဘိုး ကျွန်မက အဘိုးရဲ့မြေးပါ။အဘိုး ကျွန်မကို မနမ်းသင့်ဘူး။ဒီလိုလုပ်တာက မမှန်ကန်ဘူး"ဝူဝေ့ရွယ်က စိုးရိမ်တကြီး အော်လိုကါတယ်။

"မင်း ဘယ်လိုအဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ?"ဝူချန်ဇီက အော်လိုက်တယ်။

အဲဒီနောက်မှာတော့ သူက ဝူဝေ့ရွယ်ကို ခိုင်မြဲစွာ ဖက်ထားတာကို တွေ့လိုက်ရတယ်။

သူက ပိုပြီးဒေါသထွက်လာပြီး ဝူဝေ့ရွယ်ကို တွန်းထုတ်လိုက်ပြီး"ဘာဖြစ်တာလဲ?ငါက အခု ခေါင်းဆောင်ဝူနဲ့ စကားပြောနေတာ မဟုတ်ဘူးလား?"

ဝူဝေ့ရွယ်က စိတ်ထဲကနေ ဝမ်းနည်းမှုကို ခံစားရတယ်။သူမက သူ့ကိုတောင် မကြည့်ရဲတော့ဘူး။

"ဝူချန်ဇီ ဝူဝေ့ရွယ် အပြင်ထွက်ခဲ့"ခေါင်းဆောင်ဝူက အော်လိုက်တယ်။

ဝူချန်ဇီက ခေါင်းဆောင်ဝူရဲ့နောက်ကို လိုက်ပြီး ခြံဝင်းအပြင်ကို ထွက်လာခဲ့ပြီး သူ့ရဲ့စိတ်ထဲမှာတော့ မေးခွန်းတွေပြည့်နေတယ်။

ခေါင်းဆောင်ဝူက ဒေါသကြောင့်တုန်ရီနေပြီး အော်လိုက်တယ်"မင်း မင်းတို့နှစ်ယောက် ဘယ်လိုလုပ်ပြီးတော့ ရိုးရာဓလေ့စည်းမျဉ်းကို ဆန့်ကျင်တဲ့ အဲဒီလုပ်ရပ်မျိုးကို လူတွေအများနဲ့ ငါတို့ရဲ့ဘိုးဘေးတွေရှေ့မှာ လုပ်ရလဲ?အရှက်မဲ့လိုက်တာ!"

"......."ဝူဝေ့ရွယ်

သူမကလည်း ဒီလိုဖြစ်စေချင်မှမဟုတ်ဘဲ။

ချစ်ခြင်းကျိန်စာက လူနှစ်ယောက် မျက်နှာချင်းဆိုင်တဲ့အချိန်မှာဘဲ ဖြစ်ပေါ်လာနိုင်တယ်။ပြီးတော့ ချစ်ခြင်းကျိန်စာထိမိတဲ့သူက ကျန်စာတိုက်တဲ့သူကို ပထမဆုံးအကြိမ်မြင်တဲ့အချိန်မှာဘဲ ချစ်မိသွားတတ်တယ်။

ဒါကဘဲ သူမက ဘာကြောင့် ဟေးရွမ်ရီကို ချစ်ခြင်းကျိန်စာသက်ရောက်စေဖို့ အကောင်းဆုံးအခွင့်အရေးရှာရတာလဲဆိုတာ ဖြစ်တယ်။ဒါပေမဲ့ ဝူရုန်ကတစ်ချိန်လုံးကို သူမကို သတိထားနေခဲ့တာကြောင့် သူမက အခွင့်အရေးမရခဲ့ဘူး။ဒီနေ့က ဈာပနနောက်ဆုံးရက်ဖြစ်တယ်။တကယ်လို့ သူမက အခုချိန်မှာ ချစ်ခြင်းကျိန်စာကို မသုံးဘူးဆိုရင် နောက်ဆိုရင် သူမက အခွင့်အရေးရှိတော့မှာ မဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ ဟေးရွမ်ရီက ဟေးအိမ်တော်ကနေ မထွက်သလောက်ရှားပါးလွန်းတာကြောင့်ဖြစ်တယ်။သူအပြင်ကို ထွက်ခဲ့ရင်တောင် သူမက မလုပ်နိုင်မှာ စိုးတာကြောင့်ဖြစ်တယ်။

COTAW(unicode)Where stories live. Discover now