Chapter(100)

5.2K 1.1K 13
                                    

Chapter(100)ရေခဲပြင်အက်ကွဲခြင်း

"အသင်းတွေအားလုံးက အများအားဖြင့် တစ်ယောက်ကိုစွပ်ဖားလှည်းတစ်ခုချင်းစီစီးတာလေ။ငါတို့က ဘယ်လိုလုပ်ပြီး မင်းတို့သုံးယောက်က စွပ်ဖားလှည်းတစ်ခုတည်းကိုအတူစီးမှာကို သိမှာလဲ?"ဝူရှန်းသည် ကပ်တီးကပ်ဖဲ့ပြောလိုက်သည်။

ဝူရုန်၏မျက်ဝန်းတွေသည် အေးစက်သွားပြီး သူက စွပ်ဖားလှည်း၏လက်ကိုင်ကိုပုတ်လိုက်ပြီး အေးစက်သည့်လေသံနှင့်မေးလိုက်တယ်။

"ဟန့်!မင်းက တကယ်ပြောနေတာလား?"

ဟေးအိမ်တော်၏ကိုယ်ရံတော်တွေသည် ချက်ချင်းဘဲ ဝူရှန်းတို့လူစုကို ဝိုင်းထားလိုက်သည်။ဟေးအိမ်တော်မှကိုယ်ရံတော်သုံးဆယ်သည် သိသာစွာပင် ဝူရှန်းတို့လူစုထက် ဒါဇင်ချီပိုများသည်။

"ဝူရုန် မင်းငါတို့ကို ခြိမ်းခြောက်ချင်နေတာလား?"ဝူရှန်း၏မျက်နှာသည် မဲမှောင်သွားပြီး လေးလံစွာပြောလိုက်သည်။

"မင်းကဘဲ ငါ့ကိုတစ်ယောက်ချင်းစီကစားတဲ့အဖွဲ့ကိုဘဲ ထည့်တွက်တယ်လို့ပြောတယ်မလား?မင်းကဘဲ ငါ့ကိုအရင်ဖိအားပေးတာ"ဝူရုန်သည် အနားမှာရှိနေသည့် လူစုတွေကို ကြည့်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

"အကိုရှန်း လူတွေအားလုံးက မင်းတို့ကိုကြည့်နေတယ်နော်။မင်းက အရှေ့ဘက်ခြံဝင်းရဲ့ဂုဏ်သိက္ခာကို မပျက်စီးစေချင်ဘူးမလား?"

ဒီနေ့မှာဖြစ်ပျက်သမျှသည် လျှင်မြန်စွာ သတင်းပြန့်သွားပြီး လူတိုင်းကသိသွားနိုင်သည်။

တောင်ဘက်ခြံဝင်း၏ဂုဏ်သိက္ခာပျက်စီးသွားကတည်းက ဘယ်သူကမှ သူတို့ကို အခကြေးငွေပေးပြီး ငှားရမ်းဖို့အတွေးမရှိတော့ဘူး။ဒီအကြောင်းကိုတွေးမိတာနှင့် ဝူရှန်းသည် ရွေးစရာမရှိတော့ဘဲ ဟေးရှင်းက သူ့ကိုပေးထားသည့်ငွေပြားတစ်သောင်းတန်ဘဏ်လက်မှတ်နှင့် သူတို့က ဝူရုန်ကို ရှုံးထားသည့်အတွက် ရွှေပြားတစ်ရာကိုပေးလိုက်သည်။

"အကိုရှန်း မင်းတို့အားလုံးက ရှုံးတာလေ။တစ်ယောက်ချင်းစီအတွက် ရွှေပြားတစ်ရာပေးသင့်တယ်မလား?"ဝူရုန်သည် ရွှေပြားတွေကို ရေတွက်လိုက်ရင်း ပြောလိုက်သည်။

COTAW(unicode)Where stories live. Discover now