337-338

1.9K 404 15
                                    


Chapter(337)
ဧကရာဇ်ထံ တရားမျှတမှုတောင်းဆိုခြင်း(1)

အစောင့်တစ်ယောက်က ဇီထောင်ကို ဝူချန်ဇီအနားကို ဆွဲခေါ်လာခဲ့တယ်။

ဇီထောင်က ကြောက်ရွံ့မှုကြောင့် တုန်ရီနေပြီး ပြန်ဖြေလိုက်တယ်"ကျွန်မ ကျွန်မ ဘာဖြစ်သွားတာလဲဆိုတာ မသိဘူး"

ရှန်းကျီယောင်းက ဇီထောင်၏မျက်နှာကို ပြင်းထန်စွာ ရိုက်ချလိုက်ပြီး "နင်မသိဘူးလား?ဘယ်သူက ဒီလိုလုပ်ခဲ့တာလဲ?ဝေ့ရွယ်က သတိုးသမီးခေါင်းစောင်းကြောင့် အဲဒီလူရဲ့မျက်နှာကို မမြင်နိုင်ဘူး။ဒါပေမဲ့ မင်းကရော ဘယ်လိုလဲ?မင်းက မျက်စိကန်းနေတာလား?မင်းက ဒီလူကို ဘာကြောင့်မမှတ်မိရလဲ?"

"ကျွန်မ ကျွန်မ....."ဇီထောင်က သူမရဲ့နာကျင်နေတဲ့ မျက်နှာကို ကာပြီး ပြောလိုက်တယ်"ကျွန်မက မင်္ဂလာဆောင်တုန်းက သူက မျက်နှာတုကို ဝတ်ထားတာတွေ့တယ်။ဒါ့အပြင် သူက သခင်မရဲ့ခင်ပွန်းဖြစ်တယ်။ဒါကြောင့် သူ့ကို အကြာကြီးစိုက်ကြည့်တာက မသင့်လျော်ဘူး။ဒါ့ကြောင့်...."

ရှန်းကျီယောင်းက သူမကို ထပ်ပြီး ရိုက်လိုက်ပြီး"အဲဒါက ငါ့သမီးအတွက် ကြီးမားတဲ့ အပေးအယူဘဲ။ဘယ်လိုလုပ်ပြီး မင်းက သူ့ကို ရှင်းရှင်းလင်းလင်း မကြည့်ရဲဘဲ သူတို့ကို ဒီလိုလက်ထပ်ဖြစ်သွားအောင် ဖြစ်စေခဲ့တာလဲ"

"ဒီအချိန်မှ ငါ  ဘယ်လိုလုပ်ရတော့မလဲ?"ဝူဝေ့ရွယ်က ဇီထောင်ကို ပြင်းပြင်းထန်ထန် ရိုက်လိုက်ပြီး"ငါက မင်းကို ကောင်းကောင်းဆက်ဆံခဲ့တယ်။မင်းက ဘာကြောင့် ငါ့ကို ဒီလိုလုပ်ရတာလဲ?"

သူမက ဝူမိသားစုကို ပြန်လာတဲ့အချိန်မှာ ဇီထောင်ကို သူမနှင့်အတူခေါ်သွားဖို့ လုပ်ထားခဲ့တာဖြစ်တယ်။

"ကျွန်မ တကယ်ကိုဘဲ သူက သခင်ဟေးလို့ထင်ခဲ့တာပါ။ပြီးတော့ သခင်မကလည်း သတိုးသမီးခေါင်းဆောင်းကို ဖယ်ပြီးတာနဲ့ သူလို့ဘဲ ထင်ခဲ့တာဘဲလေ"ဇီထောင်က ငိုပြီး ပြောလိုက်တယ်။

"ပါးစပ်ပိတ်ထားစမ်း!ပါးစပ်ပိတ်ထားစမ်း!ငါက မင်းကို ယုံကြည်တာကြောင့် ငါ ကောင်းကောင်းမကြည့်ခဲ့ဘူး"ဝူဝေ့ရွယ်က ရူးနေတဲ့ မိန်းမတစ်ယောက်လို အော်လိုက်ပြီး"ပြီးတော့ မင်္ဂလာအခန်းကလည်းဟသူ့မျင်နှာကို မမြင်ရလောက်အောင် မှောင်လွန်းတယ်"

COTAW(unicode)Where stories live. Discover now