Chapter(188+189)

3.6K 698 22
                                    


Chapter(188)
ဒဏ်ရာကိုစစ်ဆေးခြင်း(1)

"သူ့အပြုအမူအတွက် ခွင့်လွတ်ပေးပါ။သူအပြင်က ပြန်လာတဲ့အချိန်ကတည်းက အများကြီးပြောင်းလဲသွားတယ်။သူ့ရဲ့မသိတတ်မှုကို ခွင့်လွတ်ပေးမယ်လို့မျှော်လင့်ပါတယ်"မိဖုရားကြီးကပြောလိုက်တယ်။

"အရှင်မင်းသားက သူလုပ်သင့်တာကို လုပ်တာပါ။ကျွန်တော်မျိုးက သူမှားတယ်လို့တော့မထင်ပါဘူး"

"အိမ်ရှေ့စံက ဒီနောက်ပိုင်းမှာ ဆိုးသွမ်းလာတာဘဲ"အင်ပါယာအရှင်မင်းမြတ်က ဆူနေသလိုပြောလိုက်ပေမဲ့ သူ့ရဲ့အသံကတော့ဆူနေတာနှင့် တူမနေဘူး။တော်ဝင်ကိုယ်လုပ်တော်သည် အရှင်နှစ်ပါးထိုင်ပြီးသည့်နောက်မှ ဝင်ထိုင်လိုက်ရင်းစိတ်ထဲကတော့ လှောင်လိုက်တယ်။

ဝူဝေ့ရွယ်က သူမအင်္ကျီလက်ထဲမှာ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုတ်ထားပြီး သူမမျက်လုံးထဲက ဒေါသတွေကိုမျက်လွှာချပြီးဖုံးကွယ်ထားလိုက်တယ်။

သူမက ဟေးရွမ်ရီမျက်နှာတုကိုမဝတ်ဆင်ထားခဲ့ရင် သူ့ကိုလက်ထပ်ဖို့ငြင်းဆန်ခဲ့မှာမဟုတ်ဘူး။ဒါဆိုသူမက အခုချိန်မှာ သူနှင့်အတူ ပျော်ရွှင်နေတဲ့ဘဝကိုရနေလောက်တယ်။

အဲဒီတန်ဖိုးမရှိတဲ့ယောက်ျားက ဟေးရွမ်ရီနှင့်မထိုက်တန်ဘူး။သူ့မိသားစုနောက်ခံကိုဘဲ ကြည့်ကြည့် သူ့ရဲ့ကျင့်ကြံခြင်းစွမ်းရည်ကိုဘဲ ကြည့်ကြည့်သူမနှင့်မယှဉ်နိုင်ဘူး။

ဒီလိုတွေးမိလိုက်တာနှင့် ဝူဝေ့ရွယ်က ပိုပြီးဒေါသထွက်လာတယ်။

ဟေးရွမ်ရီက သူမ၏ပိုင်ဆိုင်မှုဘဲဖြစ်သင့်တယ်။အခြားဘယ်သူကမှ သူ့ကိုမရသင့်ဘူး။

ဇီထောင်က ရောက်လာပြီးအသံတိုးတိုးနှင့်မေးလိုက်တယ်"သခင်မ နောက်ကျရင် သခင်မကဖို့အတွက် ကျွန်မတို့ဘယ်လိုဆက်လုပ်ကြမလဲ?"

ဝူဝေ့ရွယ်သည် သူမကိုအေးစက်စွာ စိုက်ကြည့်လိုက်ပြီးပြောလိုက်တယ်"သူသွားပြီ။ငါက ဘာကြောင့်ကဖို့လိုအုန်းမှာလဲ?"

သူမက ဟေးရွမ်ရီကို ဆွဲဆောင်ဖို့အတွက် ဒီဧည့်ခံပွဲမှာ ဖျော်ဖြေမှုတစ်ခုလုပ်ဖို့စီစဉ်ထားတာဖြစ်တယ်။အခုတော့သူမရဲ့အစီစဉ်က ကျရှုံးသွားပြီ။

COTAW(unicode)Where stories live. Discover now