254-256
Chapter(254)
အနက်ရောင်ဈေး(1)သြဂုတ်လမှာတော့ အလွန့်အလွန်ကို ပူလောင်ပြီး အထူးသဖြင့်နေရာင်အောက်မှာနေရင် ပိုဆိုးတယ်။ချွေးတွေက သူတို့ရဲ့မျက်နှာတွေ လည်ပင်းတွေကနေ ကောက်ကိုတောင်စီးကျတယ်။အခုဆိုရင် အဖျားရောဂါကလည်း ပျောက်ကင်းသွားပြီဖြစ်တာကြောင့် အင်ပါယာမြို့တော်ကို လာရောက်လည်ပတ်သူတွေက ပိုမိုများပြားလာတယ်။
"ဘာစီက မြို့ထဲကိုရောက်ပြီ"မြို့ဝင်ပေါက်မှာ စောင့်ကြည့်နေတဲ့စုန်းတစ်ယောက်က ဘာစီကို လူအုပ်ကြားထဲမှာ တွေ့ကြောင်း နူမူကို တင်ပြလာတယ်။
"အခု မကောင်းဆိုးဝါးတွေက အလုပ်ကောင်းကောင်း လုပ်ရတော့မယ်"နူမူကပြောလိုက်တယ်။
မကောင်းဆိုးဝါးတွေကို အလွယ်တကူ ဖမ်းမိဖို့ မဖြစ်နိုင်ဘူး။
"ဒါက ထူးဆန်းတယ်။သူတို့က မြို့ထဲကို မနက်ကတည်းက ရောက်သင့်တာလေ။ဘာကြောင့် ဒီလောက်နောက်ကျမှ ရောက်လာတာလဲ?"ဝူရုန်က မေးလိုက်တယ်။
"ဒါက မထူးဆန်းဘူး။ဘာစီက တဏှာကြီးတဲ့ ယောက်ျားတစ်ယောက်ဘဲ။သူက လှပတဲ့ မိန်းမ ယောက်ျား တွေနဲ့ကစားနေတာလေ။ဒါက ဘာကြောင့် သူက နောက်ကျမှ ရောက်တာလဲ ဆိုတာဘဲ။ပြောရရင်တော့ သူတို့က ရောဂါတွေ လုံးဝပျောက်ကင်းသွားတဲ့ အချိန်ကို စောင့်ပြီးမှ လာတာဖြစ်လိမ့်မယ်"နူမူက ပြောလိုက်တယ်။
"......"ဝူရုန်
သူတို့စကားပြောနေတဲ့အချိန်မှာဘဲ ဝူရှိက ဝူချန်လွီထံမှာ ပညာသင်နေရင်းက ပြန်ရောက်လာတယ်။သူမက စားပွဲပေါ်က လက်ဖက်ရည်ခွက်ကို ယူပြီး အငမ်းမရသောက်လိုက်တယ်။
"ဒီခွက်က ငါသောက်ပြီးသာလေ"ဝူရုန်ရဲ့မျက်ခုံးတွေက မြင့်တက်သွားပြီး ပြောလိုက်တယ်။
"နင့်ရဲ့တံတွေးကို ငါကစိတ်မရှိဘူး"ဝူရှိက လက်တစ်ဖက်နှင့်သူမ ပါးစပ်က ရေစက်တွေကို သုတ်ပြီး ပြောလိုက်တယ်။
"....... "ဝူရုန်
ဘယ်အချိန်ကတည်းက သူ့ညီမလေးက မိန်းမပျိုတစ်ယောက်ရဲ့အပြုအမူတွေ မရှိတော့တာလဲ?သူမက နူမူနှင့်သူ့နောက်လိုက်တွေနှင့်အချိန်အတော်ကြာ ကုန်ဆုံးပြီးတဲ့နောက်မှာ သူမက တောက်ပတဲ့ မိန်းကလေးဖြစ်လာတယ်။ဒါပေမဲ့ သူမက အရင်ဘဝတုန်းကလို ရှက်ကြောက်တတ်တဲ့ မိန်းကလေးမဟုတ်တာ ပိုကောင်းပါတယ်။