Chapter(44+45+46)

5.6K 940 4
                                    

Chapter(44)ကျွန်တော့်ကို ဘယ်လိုအကျိုးအမြတ်ပေးမှာလဲ?(၂)

ဝူရုန်သည် ဟေးရှင်းက သူ့ကိုပေးထားတဲ့စာရင်းကို ရှိယူတို့ကို ဖတ်စေခဲ့တာဖြစ်တယ်။

"သေချာပါတယ်။ကျွန်တော်က စာရင်းကို အကြိမ်ပေါင်းများစွာ ဖတ်ထားတာဖြစ်တယ်။စာရင်းထဲမှာရှိတဲ့ ပစ္စည်းအားလုံးကို မှတ်မိပါတယ်"

သူတို့က သူ့ရဲ့သတိုးသမီးတင်တောင်းပစ္စည်းတွေကို ခိုးယုထားရုံသာမက သူတို့က အရည်အသွေးနိမ့်သည့် ပစ္စည်းတွေနှင့်လည်း လဲထားကြတယ်ဆိုတာ ဝူရုန်က နားလည်လိုက်တယ်။သူတို့က သူ့ရဲ့ပစ္စည်းတွေကို ခိုးယူခဲ့ပြီး အရည်အသွေးနိမ့်တဲ့ အချို့ပစ္စည်းတွေနှင့်လဲလှယ်ခဲ့ပြီး သံသယမဝင်အောင် လုပ်ဆောင်ခဲ့တာဖြစ်တယ်။

ဝူရုန်က အသံတိုးတိုးနှင့်"ငါ့ရဲ့လက်ဆောင်တွေကို ဘယ်သူခိုးထားတယ်ဆိုတာ သိပြီလား?"

"ကျွန်တော်တို့ တစ်ချို့ကိုတော့တွေ့ပြီ"

"ဘယ်သူလဲ?"

"သူတို့က ကြင်ယာတော်ရဲ့အဘိုးနဲ့ဦးလေးတွေဘဲ"ရှိယူက ခဏရပ်လိုက်ပြီးမှ"ကြင်ယာတော်ရဲ့ဘိုးဘိုးကြီးကိုလည်း သူတို့က ပေးထားတယ်"

ဝူရုန်က လှောင်ရယ်လိုက်တယ်။ဝူပုဖန်ကလည်း ယူထားတဲ့အထဲမှာပါနေတာကို သူက မအံ့ဩပါဘူး။ဒါကြောင့် သူက သူတို့ကို ဘယ်လိုလက်ညှိုးထိုးရမှာလဲ?

ဝူပုဖန်က သူတော်ကောင်းယောင်ဆောင်တဲ့သူဆိုတာ သူသိတယ်။ဒီမနက်မှာလည်း ဝူရုန်က ဝူပုဖန်စီကို သွားတဲ့အချိန်မှာ လက်ဆောင်ပစ္စည်းတွေပေးခဲ့လို့သာ ဝူပုဖန်က သူ့ကိုမျက်နှာသာပေးခဲ့တာဖြစ်တယ်။တကယ်လို့ သူ့ဦးလေးတွေကလည်း ဝူပုဖန်ရဲ့စိတ်ကို ကျေနပ်အောင်လုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင် သူက သူတို့အတွက်ပြောပေးပါလိမ့်မယ်။ဒါဆို ဝူပုဖန်က ဝူရုန်ကို ပစ္စည်းတွေကို အလွယ်တကူယူဆောင်သွားစေတော့မှာ မဟုတ်ဘူး။

"အနားယူဖို့ အချိန်တောင် မရှိမှာ စိုးရတယ်။သူတို့က အခြားခြံဝင်းတွေကိုလည်းပို့ထားမှာဘဲ"

ဝူရုန်က"တောင်ဘက်ခြံဝင်းမှာရှိတဲ့သူတွေက ငါ့လက်ဆောင်ကို ယူထားတယ်ဆိုတော့ စတုတ္ထဦးလေးနဲ့အငယ်ဆုံးဦးလေးက ဘာတွေကို ယူထားတာလဲ?"

COTAW(unicode)Where stories live. Discover now