Chapter(23+24)

6.2K 996 2
                                    

Chapter(23)သိပ်မကောင်းဘူး

"ငါ မင်းကိုသိလို့လား?"ဝူရုန်က ရယ်ချင်နေသည့်ဟန်နှင့် ပြောလိုက်တယ်။

သူက ဒီခွေးတိရစ္ဆာန်က သူ့မိဘတွေကို သတ်ခဲ့တာကို ဘယ်လိုလုပ်ပြီး မသိဘဲနေမှာလဲ?

"မင်း"ရန်ကျီဇောင်က ကြမ်းတမ်းစွာ ဝူရုန်ကိုအော်လိုက်တယ်။ဝူရုန်က ရန်ကျီဇောင်၏တည်ငြိမ်မှု ဆုံးရှုံးသွားတာကိုကြည့်ပြီး သူက လှောင်ပြုံးပြုံးပြလိုက်ပြီး"မင်း ငါ့ကို အရူးလုပ်နေတာလား?"

ရန်ကျီဇောင်သည် ဝူရုန်က ဒီလိုတုံ့ပြန်လိမ့်မယ်လို့ မထင်ထားတာကြောင့် အံ့ဩသွားတယ်။

ဝူရုန်က လှောင်လိုက်တယ်"မင်းက ငါ့ဆီကို လဝက်လောက်လာမလည်ခဲ့ဘူး။အစေခံတွေက မင်းအကြောင်းကို ဘာပြောလဲသိလား?သူတို့က မင်းက မင်းကိုယ်မင်းစိတ်ကျေနပ်မှုရစေဖို့ ငါ့လိုအရှုံးသမားနဲ့ ပေါင်းနေတာတဲ့လေ"

ရန်ကျီဇောင်က သူ၏လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြခံလိုက်ရတာကြောင့် သူက ခိုင်မာသည့် မျာနှာထားနှင့် ဒေါသတကြီး ပြောလိုက်တယ်"အဓိပ္ပာယ်မရှိလိုက်တာ ငါက အဲဒီလိုလူမျိူးလား?"

ရန်ကျီဇောင်က ဒီစကားကို ပြောလိုက်သည့်အချိန်မှာ လိပ်ပြာမသန့်တာကြောင့် ဝူရုန်ကို တိုက်ရိုက်မကြည့်ဘဲ ရှောင်ဖယ်နေတယ်။

ဝူရုန်က နှုတ်ခမ်းတွန့်ရုံပြုံးလိုက်ပြီး မင်းက အတိအကျကို ဒီလိုလူမျိုးဘဲလေဟု တွေးလိုက်တယ်။

အခုချိန်မှာ ရန်ကျီဇောင်က ငယ်သေးသည့်အတွက် သူက ဝူရုန်အပေါ်ကြံစည်ထားတာတွေကြောင့် သူ့ရဲ့အပြစ်ရှိသည့် မျက်နှာက်ု မဖုန်းကွယ်နိုင်ဘူး။အရင်ဘဝတုန်းက ဆယ့်သုံးနှစ်ကြာပြီးသည့်နောက်မှာတော့ သူက သူ၏စိတ်ခံစားချက်တွေကို အတွင်းမှာ ဖုန်းကွယ်ထားဖို့ လုံလောက်နေပြီဖြစ်တယ်။

"မင်းက ဒီလိုလူမဟုတ်ဘူးဆိုတာ ငါနားလည်တယ်။ဒါပေမဲ့ မင်းက ငါ့ဆီကို လဝက်လောက် လာမလည်ဘူးဆိုတော့ ငါက အရူးလုပ်ခံရတယ်ထင်နေတာ။ဒီနေ့တော့ မင်းက ငါ့ကို အချိန်ပေးရမယ်။ဒီနေ့တစ်နေ့လုံး သွားသောက်ရအောင်"

COTAW(unicode)Where stories live. Discover now