222+223

2.9K 600 6
                                    


Chapter(222)
မလုံလောက်သေးဘူး(1)

နံနက်စောစောမှာ သမားတော်ရီက ဝူယန်လီရဲ့မျက်နှာပေါ်က အရည်က အခြားမိန်းကလေးတွေရဲ့မျက်နှာကို ပျက်စီးစေတဲ့အရည်နှင့်အတူတူဘဲဆိုတာ သတင်းပို့ခဲ့ပါတယ်။ဒါပေမဲ့ သူတို့ကဒါကို ကုသမှုမလုပ်နိုင်ဘူး။သမားတော်တွေက အရေပြားအသစ်ဖြစ်ပေါ်လာစေတဲ့တန်ဖိုးကြီး ဆေးတွေကိုအသုံးပြုခဲ့တာတောင်မှ မိန်းကလေးတွေကိုကုသဖို့ကျရှုံးခဲ့ပါတယ်။ဒီအရေပြားအသစ်ဖြစ်ပေါ်လာစေတဲ့ဆေးက အကောင်းဆုံးဆေးဖြစ်ပြီး ပျက်စီးသွားတဲ့အရေပြားတွေကို ပြန်လည်ကောင်းမွန်လာစေဖို့ အကူအညီပေးပါတယ်။

ဆောင်းရန်က ဒီသတင်းကိုကြားတဲ့အခါမှာတော့ သူမကမေ့မျောသွားပါတယ်။

ဝူယန်လီက ငိုကြွေးပြီး သူမသတိပြန်ရလာတဲ့အချိန်မှာ ကိုယ်ကိုကိုယ်သတ်သေဖို့တောင်လုပ်ဆောင်တယ်။ဝူယန်လီက သူမရဲ့လျှာကိုကိုက်ပြီး သူ့ကိုယ်သူသတ်သေဖို့လုပ်ခဲ့တယ်။

ဝူဝေ့ချူကဒေါသအလွန်ထွက်ပြီး သူ့သမီးအပေါ်အပြစ်ရှိသလိုခံစားရတယ်။သူကဝူဝေ့ရွယ်ကိုခေါ်ဖို့ တစ်ယောက်ယောက်ကိုခိုင်းလိုက်တယ်။

ဝူဝေ့ရွယ်က ဝူယန်လီရဲ့ခြံဝင်းထဲကိုရောက်လာတော့ မကောင်းတဲ့ခံစားချက်ကို ရရှိလိုက်တယ်။ဒီခံစားချက်က ခြံဝင်းထဲကလူတိုင်းက သူမကို ကြောက်စရာကောင်းစွာ ကြည့်နေတဲ့အခါမှာ ပိုပြီးပြင်းထန်လာတယ်။ဒါပေမဲ့ ဒီခံစားချက်က ဒီခြံဝင်းက သူမရဲ့တူမရဲ့ခြံဝင်းဖြစ်ပြီး ဒုတယအကိုကလည်း ဒီမှာရှိနေတာကို တွေးမိတော့ သက်သာရာရသွားတယ်။ဒီနေရာမှာ ဘာပြသနာမှမဖြစ်နိုင်ပါဘူး။

သူမကဝူယန်လီရဲ့အိပ်ခန်းအပြင်မှာရှိတဲ့ ခန်းမကိုလျှောက်လာခဲ့တဲ့အချိန်မှာ ဝူဝေ့ချူနှင့်ဝူယန်လန်က ထိုင်ခုံမှာထိုင်နေကြပြီး ကြောက်စရာကောင်းနေတယ်။

"အကို ကျွန်မရောက်ပြီ"ဝူဝေ့ရွယ်ကစိတ်ရှုပ်နေပြီးမေးလိုက်တယ်"ကျွန်မကိုပြောစရာ တစ်ခုခုရှိလို့ ဒီကိုခေါ်လိုက်တာလား?"

သူတို့က အစောတုန်းက သူမက ဝူယန်လီကို သတိပေးလိုက်လို့ခေါ်တာဖြစ်နိုင်လား?သူမရဲ့အကိုက သူ့သမီးအတွက်  သူမကိုဆူမလို့လား?

COTAW(unicode)Where stories live. Discover now