Chapter(180+181)

3.7K 683 7
                                    

Chapter(180)
ဝန်ကြီးချုပ်၏မွေးနေ့ဧည့်ခံပွဲ(1)

ဝူချန်လွီသည် သဘက်ခါကျရင် ဝူချန်ဇီ၏မွေးနေ့ဧည့်ခံပွဲဆိုတာသိနေခဲ့သည်။ဒါကြောင့်သူသည် ဝူရှိကိုမွေးနေ့ပွဲပြီးမှသာ လာရောက်ရန်ပြောလိုက်တယ်။

ဝူချွင်ချင်နှင့်ဂေါင်တုန်သည် ဝူချန်လွီကို အပြင်ကိုလိုက်ပို့ပြီး အခုချိန်ထိဖြစ်ပျက်သွားတာတွေကို မယုံကြည်နိုင်သေးဘူး။သူတို့က ဒါကိုအိမ်မက်တစ်ခုလို့ထင်နေပြီး သူတို့ညစာစားတဲ့အချိန်မှာ စကားစမြည်ပြောကြတယ်။

"ရုန်အာ မင်း ရှိအာကိုသူ့ထံမှာ သင်ကြားဖို့စီစဉ်ထားတာလား?"

"ဒါကောင်းကင်ဘုံရဲ့စီစဉ်မှုလို့ ကျွန်တော်တို့ မပြောနိုင်ဘူးမလား?"ဝူရုန်ကပြုံးပြီးပြောလိုက်တယ်။

အခုချိန်မှာ ဝူချန်လွီသည် ဝူရှိကိုဝူယုအစားသူ့တပည့်အဖြစ် ခေါ်ဆောင်သွားတာကြောင့် အရင်ဘဝတုန်းကလို ဝူယုသည် ထင်ရှားကျော်ကြားစွာ ရပ်တည်နိုင်ဖို့ မဖြစ်နိုင်တော့ဘူး။

ဝူချွင်ချင်နှင့်ဂေါင်တုန်သည် ဒါက ဟေးရှင်း၏ဂမ္ဘီရပညာတွက်ချက်မှုလို့ ထင်တာကြောင့်သူတို့ အံ့အားသင့်သွားကြသည်။သူတို့နှစ်ယောက်လုံးက ဟေးရှင်းကို အထင်ကြီးလေးစားတဲ့အကြည့်နဲ့ကြည့်လိုက်သည်။

ဟေးရှင်းသည် အစားအသောက်တွေ ဝန်ဆောင်မှုပေးနေရင်း သူတို့၏အကြည့်တွေကြောင့် စိတ်ရှုပ်သွားသည်။

ဝူရုန်သည် သူတို့ နားလည်မှုလွဲသွားတာကို ရှင်းပြဖို့အစီစဉ်မရှိဘူး။

နှစ်ရက်ကြာပြီးသည့်နောက်မှာ ဝူချန်ဇီ၏မွေးနေ့ကိုရောက်ရှိလာသည်။ဝူမိသားစု၏ဓလေ့အရ ဂုဏ်သိက္ခာကြီးမားတဲ့အကြီးအကဲတွေ၏မွေးနေ့ရောက်တဲ့အချိန်မှာ ဝူမိသားစုဝင်တိုင်းသည် ဝူမိသားစုအဓိကဘုရားကျောင်းမှာ မွေးနေ့ရှင်အကြီးအကဲအတွက် နတ်ဘုရားထံမှာ ဆုတောင်းပေးရသည်။ဒီထဲမှာ ဝူမိသားစုဝင်တိုင်းပါဝင်ပြီး ဝူရုန်နှင့်သူ့မိသားစုကလည်း ချွင်းချက်မဟုတ်ဘူး။ဒါကြောင့် သူတို့သည် မနက်ငါးနာရီမထိုးခင်ကတည်းက ဝူမိသားစုအဓိကဘုရားကျောင်းကို ရောက်ရှိနေပြီဖြစ်သည်။

COTAW(unicode)Where stories live. Discover now