354-355

1.7K 341 5
                                    

Chapter(354)
ခင်ဗျား ကျွန်တော်တို့သားကို ခြောက်လန့်နေတာဘဲ(1)

ကျင်းရှင်က ဥကလေးဝတ်ဆင်ထားတဲ့ ခြူလုံးလေးတွေအားလုံးကိုဟဖယ်ရှားလိုက်ပြီး သူက ဥကလေးနှင့်ကွတ်ခူးကို အနောက်တံခါးကနေ ခေါ်ထုတ်သွားပြီး ထွက်သွားလိုက်တယ်။သူတို့က ဟေးအိမ်တော်၏အစောင့်တွေကို ပထုတ်ပြီး အိမ်တော်အပြင်ဘက်ကို ထွက်လာပြီး အင်ပါယာနန်းတော်ကို သွားလိုက်တယ်။သူတို့က အပြင်ဘက်ဝင်ပေါက်ကို ဖြတ်ကျော်ပြီးတဲ့ အချိန်မှာတော့ သူတို့က ထောင့်တစ်နေရာမှာ ပုန်းနေဖို့ ရွေးချယ်လိုက်တယ်။ကျင်းရှင်၏စွမ်းအားက ကန့်သက်ချက်ရှိတာကြောင့် သူက ကလေးတစ်ယောက်နှင့်အတူ ဒုတိယဝင်ပေါက်ကို မဖြတ်ကျော်နိုင်ဘူး။သူက အတွင်းဘက်ကို ညွှန်ပြပြီး ပြောလိုက်တယ်"အဲဒီထဲမှာ မင်းဖေဖေကို ကုသပေးနိုင်တဲ့ အသက်ရှည်ဆေးပြားတွေရှိတယ်။မင်း အဲဒါကို သွားခိုးလိုက်"

"အဲဒီနေရာက အကြီးကြီးဘဲ။သားက ဘယ်ကနေ စရှာရမှာလဲ"ဥကလေးက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ပြောလိုက်တယ်။

"အချိန်ပိုယူပေါ့"

"အသက်ရှည်ဆေးပြားက ဘာနဲ့တူလဲ?"ဥကလေးက မေးလိုက်တယ်။

"ငါလည်း မသိဘူး"သူက နောက်ပိုင်းမှာ ပျင်းနေပြီး ဥကလေးကိုကြည့်ရလည်း ပျင်းနေပုံပေါ်တာကြောင့် သူက ဥကလေးကို အပြင်ကိုခိုးထုတ်လာတာဖြစ်တယ်။

ဒါ့ကြောင့် သူက ဥကလေးကို အပြင်မှာပျော်စရာရှာဖို့ ခေါ်လာခဲ့တာဖြစ်တယ်။သူက ဟေးရွမ်ရီကို ကုသဖို့ အသက်ရှည်ဆေးရှာဖို့လာတာမဟုတ်ဘူး။အဆုံးမှာတော့ သူက ဟေးရွမ်ရီရဲ့ဒဏ်ရာကိုလည်း မစိုးရိမ်ပါဘူး။

"သားက အထဲကို ဘယ်လိုဝင်ရမလဲ?"ဥကလေးက မေးလိုက်တယ်။

ကျင်းရှင်က ဥကလေးကို မျင်လုံးလှန်ကြည့်လိုက်ပြီး ပြောလိုက်တယ်"မင်းက မင်းဘာသာလုပ်ရမယ်လေ။တကယ်လို့ မင်းက ဒီလိုကိစ္စသေးသေးလေးကိုတောင်မလုပ်နိုင်ရင် မင်းက ဘယ်လိုလုပ်ပြီး မင်းမိဘတွေရဲ့သားလိမ္မာလေးဖြစ်မှာလဲ?မင်းက နေမဝင်ခင်မှာ အပြင်ထွက်လာပြီး ငါ့ကိုဒီမှာ လာရှာရမယ်ဆိုတာ မှတ်ထားပါ"

COTAW(unicode)Where stories live. Discover now