358-359

1.9K 344 2
                                    

Chapter(358)
တွေ့ဆုံခြင်း(1)

ဝူရုန်၏အပြုံးက ပျောက်ကွယ်သွားတယ်။သူက ရန်ကျီဇောင်၏ဆရာသခင်က ဝူဝေ့ရွယ်ကို ကယ်တင်ခဲ့တဲ့သူဆိုတာ သေချာတယ်။အကြောင်းပြချက်တစ်ခုက ရန်ကျီဇောင်က ဟေးရွမ်ရီဒဏ်ရာရနေတဲ့အချိန်မှ သူ့ကိုလာတွေ့တာကြောင့်ဖြစ်တယ်။ဒါက အတိအကျကို ဝူပုဖန်တို့၏အသက်နှင့် သူ့ကိုခြိမ်းခြောက်မဲ့ အစီအစဉ်က အလုပ်မဖြစ်တာကြောင့်ဖြစ်တယ်။သူတို့က အစီအစဉ်အသစ်အနေနှင့် သူ့ကို အိမ်ပြင်ထွက်အောင် လှည့်စားပြီး သတ်ပစ်ဖို့ဖြစ်တယ်။သူ့ရဲ့ခန့်မှန်းချက်အရဆိုရင် ရန်ကျီဇောင်က သူ့ရဲ့ဆရာသခင်၏စေခိုင်းချက်အရ သူ့ကိုလာတွေ့တာဖြစ်နိုင်တယ်။

ဝူရုန်က ရန်ကျီဇောင်၏ဆရာသခင်က အရင်ဘဝတုန်းက သူ့ကိုသတ်ချင်တဲ့သူဘဲလားဆိုတာ မသေချာခဲ့ဘူး။ဒါပေမဲ့ ရန်ကျီဇောင်၏ဆရာသခင်က ဝူဝေ့ရွယ်ကို ကယ်ခဲ့တဲ့လူနှင့် တစ်ယောက်ထဲဆိုရင်တော့ အရင်ဘဝတုန်းက သူ့ကိုသတ်ခဲ့တဲ့သူနှင့် တစ်ယောက်ထဲဆိုတာ သေချာသွားတယ်။ဘာကြောင့်လဲဆိုတော့ သူတို့က သူတို့ကို သတ်ချင်နေတာမှန်း တူညီနေတာကြောင့်ဖြစ်တယ်။

ွှဒါပေမဲ့ ရန်ကျီဇောင်၏ဆရာသခင်က အတိအကျဘယ်သူလဲ?သူ့ကိုဘာကြောင့် သတ်ချင်နေရတာလဲ?

နေ့လယ်စာစားတဲ့အချိန် လူတိုင်းရောက်လာတဲ့အချိန်မှာတော့ ဝူရုန်က မေးလိုက်တယ်"တစ်ယောက်ယောက်များ ရှန်းဇီဆိုတာကို သိကြလား?"

လူတိုင်းက သူ့ကိုကြည့်ပြီးစိတ်ရှုပ်သွားတယ်။

"မင်းပြောတာက အင်ပါယာအမိန့်တော်ကိုဆိုလိုတာလား?"ကျင်းရှင်က သူ့ကိုစိုက်ကြည့်လိုက်ပြီး ပြောလိုက်တယ်"အင်ပါယာအမိန့်တော်ဆိုရင်တော့ ငါတို့တကယ်ကိုသိတာပေါ့။လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းကတောင် မြင်သေးတယ်လေ"

"......"ဝူရုန်က မျက်လုံးလှန်ကြည့်လိုက်ပြီး"ဧကရာဇ်ရဲ့အမိန့်တော် အင်ပါယာအမိန့်တော်ကို ပြောတာမဟုတ်ဘူး။လူအမည်ရှန်းဇီကိုပြောတာ"

"ဒါဆို ငါမသိဘူး"

"အဖေ အဖေသူ့ကိုသိလား?"ဝူရုန်က ဝူချွင်ချင်ကို မေးလိုက်တယ်။

COTAW(unicode)Where stories live. Discover now