Chapter(146+147+148)

4.6K 854 10
                                    

အရှက်မဲ့သောချစ်ဇနီး
Chapter(146)
သူ့နောက်ကိုလိုက်မယ်

"အခုချက်ချင်း ငါပြောသလိုပြောတော့"

ဝူရှိကခေါင်းငြိမ့်လိုက်ပြီးအော်လိုက်တယ်။

ဒါကိုကြားတော့ဥကလေးကမပျော်တော့ပါဘူး။သူကနှုတ်ခမ်းဆူလိုက်ရင်းပြောလိုက်တယ်"မလုပ်ဘူး။ငါကပျော်လို့တောင်မဝသေးဘူး"

ဝူပုဖန်ကသူတို့နဲ့အနီးလေးမှာရှိနေတာကြောင့်သူကဒီကလေးပြောလိုက်တာကိုကြားလိုက်ရတယ်။အခုဒီကလေးကဒါကိုပျော်ဖို့အတွက်လုပ်နေတာလား?

ကြီးမားတဲ့မွန်းစတားကြီးကသူ့ရဲ့လက်သည်းပေါ်ကမီးကိုငြိမ်းအောင်လုပ်ပြီးသူ့ခန္ဓာကိုယ်ပေါ်ကဆူးတွေနဲ့ဥကလေး ကျင်းရှင်နဲ့ကွတ်ခူးတို့ကိုပစ်ဖို့လုပ်လိုက်တယ်။

ကွတ်ခူးကဆူးတွေတစ်ခုမှမထိခိုက်အောင်ရှောင်ရင်းမွန်းစတားကြီးရဲ့မျက်လုံးကိုမီးမှုတ်လိုက်တယ်။

မွန်းစတားကြီးကနာကျင်စွာနဲ့မြေကြီးပေါ်လဲကျသွားပြီးသူ့ရဲ့လက်သည်းတွေကနာကျင်နေတဲ့မျက်လုံးတွေကိုကာထားလိုက်တယ်။

ဥကလေးကမှော်လက်နက်တစ်ခုကိုထုတ်ယူလိုက်ပြီးမေးလိုက်တယ်"ဒါကိုဘယ်လိုလုပ်ရမလဲ?"

"မင်းရဲ့စိတ်စွမ်းအင်ကိုမှော်လက်နက်ထဲကိုပို့လွှတ်လိုက်"ကျင်းရှင်ကဥကလေးကိုမှော်လက်နက်ထဲကိုဘယ်လိုစိတ်စွမ်းအင်ကူးပြောင်းမလဲဆိုတာသင်ပြပေးလိုက်တယ်။

ဥကလေးကတိတ်ဆိတ်စွာဘဲမှော်လက်နက်ကိုဘယ်လိုအသုံးပြုရမလဲဆိုတာလေ့လာလုပ်ဆောင်တယ်။နောက်ဆုံးမှာတော့မှော်လက်နက်အသက်ဝင်လာပြီးသူ့တို့ရဲ့ဦးခေါင်းထက်လေထဲမှာပျံဝဲလာတယ်။

"ဘာကြောင့်မှော်လက်နက်ကမွန်းစတားကြီးကိုသွားမတိုက်တာလဲ?"ဥကလေးကအံ့သြစွာပြောလိုက်တယ်။

ကျင်းရှင်ကသူ့ကိုမျက်လုံးလန်ကြည့်လိုက်ပြီးရှင်းပြလိုက်တဟ်"ဒါကအကာအကွယ်မှော်လက်နက်တစ်ခုဘဲ။ဒီမှော်လက်နက်ကမင်းကိုထိခိုက်ဒဏ်ရာမရအောင်ဘဲကာကွယ်နိုင်တယ်။ဒါကမတိုက်ခိုက်နိုင်ဘူး"

COTAW(unicode)Where stories live. Discover now