Chapter(164+165)

3.8K 764 5
                                    

Chapter(164)
မြို့မှထွက်ခွာခြင်း(2)

အဓိကအကြောင်းပြချက်က ဟေးရွမ်ရီသည် သူ့လိုဝတုတ်နေတဲ့ယောက်ျားတစ်ယောက်ကို ဘာကြောင့်လက်ထပ်ခဲ့တာဆိုတာ မပြောပြခဲ့တာကြောင့်ဖြစ်တယ်။

"ကျွန်တော်အဆင်ပြေတယ်။ကျွန်တော့်နှလုံးသားကတင်းကျပ်တယ်လို့ခံစားရရုံဘဲ။မကောင်းတာတစ်ခုခုဖြစ်တော့မယ်လို့ခံစားရတယ်"

သူကလိမ်ပြောနေတာမဟုတ်ပါဘူး။အဲဒီအချိန်တုန်းကသူကတကယ်ကိုမကောင်းတာဖြစ်တော့မယ်လို့ခံစားခဲ့ရတာဖြစ်တယ်။

"ကြင်ယာတော်က ဓားသိုင်းလေ့ကျင့်တာတွေ ဆေးရည်စိမ်တာတွေနှင့်ကျင့်ကြံတာများသွားလို့ဖြစ်နိုင်တယ်။ဖြစ်နိုင်တာကကြင်ယာတော် ခန္ဓာကိုယ်က စွမ်းအင်တွေကို အလွန်အကျွံအသုံးပြုလိုက်လို့ဖြစ်မယ်"ဟေးရှင်းကပြောလိုက်တယ်။

ဟေးရွမ်ရီက ဝူရုန်ကိုပွေ့ချီသွားပြီး အိပ်ရာပေါ်တင်ပေးလိုက်နောက် အပေါ်ဝတ်ကို ချွတ်ပေးပြီးစောင်ခြုံပေးလိုက်တယ်။

ဝူရုန်က ဟေးရွမ်ရီ၏တောင့်တင်းနေမှုကို လျော့ချဖို့ကြိုးစားလိုက်တယ်"ကျွန်တော်နေကောင်းတယ်ဆိုတာသေချာပါတယ်"

ဝူရုန်က သူလုံးဝသေချာတာက သူကနေမကောင်းဖြစ်တာမဟုတ်ဘူးဆိုတာဘဲ။

"အခုအနားယူတော့"ဟေးရွမ်ရီသည် ဝူရုန်ကိုအိပ်ရာထဲပြန်လဲစေပြီး ခိုင်မာစွာပြောလိုက်တယ်။

"ကျွန်တော်အိပ်မပျော်ဘူး"ဝူရုန်က အတွေးတစ်ခုဝင်လာပြီးပြောလိုက်တယ်"တကယ်လို့ခင်ဗျား ကျွန်တော့်ကို အိပ်ရာဝင်ပုံပြင်ပြောပြမယ်ဆိုရင် ကျွန်တော်အိပ်ပျော်သွားနိုင်တယ်"

"......."ဟေးရွမ်ရီက ဝူရုန်ရဲမျော်လင့်ချက်တွေအပြည့်နဲ့တောက်ပနေတဲ့မျက်လုံးတွေကို တွေ့တဲ့အချိန်မှာ သူလိုက်လျောရုံသာတတ်နိုင်တယ်။

"ဘယ်လိုပုံပြင်မျိုးလဲ?"

"စားသောက်ဆိုင်တွေမှာပြောပြတဲ့ပုံပြင်လိုမျိုး"

"တစ်ခါမှနားမထောင်ဖူးဘူး"

"......"ဝူရုန်

ဟေးရွမ်ထန်က အခန်းအပြင်ကနေပြောလိုက်တယ်"အကိုကြီး အကိုကြီးက ကိုယ့်အကြောင်းကိုယ်ပြောပြတာပိုကောင်းမယ်။ဒါကို သူပိုစိတ်ဝင်စားလိမ့်မယ်"

COTAW(unicode)Where stories live. Discover now