Chapter(67)သူတို့က ရိုက်ခံရတယ်

5.8K 1K 2
                                    

Chapter(67)
ဝူတနှင့်ဝူရှောင်၏ မျက်လုံးထဲတွင် အပြုံးတွေပေါ်လာပြီး ပြောလိုက်တယ်"သခင်လေး ကျွန်တော်တို့ကို ဘာခိုင်းချင်လို့လဲ?"

"မင်းတို့မရှိတဲ့အချိန်တုန်းက ငါက ရှိယူတို့ကို အစားကောင်းကြိုက်သူမုန့်ဆိုင်မှာ ဒင်းဆန်းမုန့်တွေကို ဝယ်ခိုင်းတဲ့အချိန်တိုင်း သူတို့က ငါကြိုက်တာကို မဝယ်တတ်ဘူး။အခု မင်းတို့ရောက်လာပြီဆိုတော့ ငါ့အတွက် ငါကြိုက်တဲ့ အရသာရှိတဲ့ မုန့်တွေကို သွားဝယ်ခဲ့"ဝူရုန်က ဝူတနှင့်ဝူရှောင်ကို ပြောလိုက်တယ်။

"ကျွန်တော်တို့က သခင်လေးကြိုက်တဲ့ မုန့်တွေကို သွားဝယ်ခဲ့မယ်"ဝူတနှင့် ဝူရှောင်သည် ရှိယန်တို့ကို ဂုဏ်ယူစွာကြည့်လိုက်ပြီး ပြောလိုက်တယ်။သူတို့ညီအကိုက ဝူရုန်ကို ဆယ်နှစ်ကျော်လောက် ဂရုစိုက်ခဲ့တာဖြစ်တယ်။သူတို့ကတစ်လလောက် ဝူရုန်အနားမှာ မရှိခဲံဘူးဆိုရင်တောင် သူတို့က တခြားလူတွေထက် ဝူရုန်အကြောင်းပိုသိနေတုန်းဘဲ။

ဝူရုန်က ဝူတနှင့်ဝူရှောင်တို့ ထွက်သွားတာကို ကြည့်ပြီး လှောင်ရယ်လိုက်တယ်။သူက ဘယ်လိုလုပ်ပြီး သူတို့ကို သူ့အနားမှာ သူလျိုလုပ်ဖို့ အခွင့်အရေးပေးရမှာလဲ?

ဝူရုန်သည် ရှိယူကို သူ့အနားခေါ်လိုက်ပြီး အသံတိုးတိုးလေးနှင့် ပြောလိုက်သည်။

ရှိယူသည် ဝူရုန်စကားကို နားထောင်ပြီးနောက် ထွက်သွားလိုက်တယ်။

ဟေးရှင်းသည် ဝူရုန်ကို ကလေး၏အမည်ကို မေးပြီးသည့်နောက်မှာတော့ မနက်စာပြင်ဖို့ ထွက်သွားလိုက်တယ်။

ဝူရုန်နှင့်ဟေးရွမ်ရီသည် မနက်စာစားပြီးချိန်မှာ ဝူတနှင့်ဝူရှောင်သည် ပြန်ရောက်လာသည်။သူတို့က ထော့နဲ့ထော့နဲ့နှင့် လျှောက်လာပြီး သူတို့ရဲ့မျက်နှာတွေကလည်း ဝက်ခေါင်းတွေလိုဖူးယောင်နေအောင် ရိုက်ခံထားရသည်။သူတို့၏အဝတ်အစားနှင့် ဆဲပင်တွေကလည်း ညစ်ပေနေပြီး သူတောင်းစားနှင့်တူနေသည်။

"မင်းတို့က ဘာဖြစ်လာတာလဲ?"ဝူရုန်က အံံဩနေသလိုနှင့် မေးလိုက်တယ်။

"သခင်လေး ကျွန်တော်တို့အတွက် တရားမျှတမှုရှာပေးပါ"ဝူတက ငိုပြီး ပြောလိုက်တယ်။

COTAW(unicode)Where stories live. Discover now