Chapter(107)

4.7K 1.1K 35
                                    

Chapter(107)ဝူရုန်လား?

လှပသည့်လူငယ်လေးသည် သူ့ရဲ့လက်မောင်းတွေကို ဖွင့်လိုက်ပြီး အပြုံးလေးနှင့် ဝူရှိထံကို လျှောက်သွားလိုက်ပြီးပြောလိုက်တယ်။

"ရှိအာ"

လူငယ်လေး၏အသံကိုကြားသည့်အခါမှ လူတိုင်းက သတိပြန်ဝင်လာတယ်။ဝူရှိသည် လူငယ်လေး၏လက်မောင်းထဲတွင် ဖက်ထားခံလိုက်ရတယ်။ဒီအချိန်မှာဘဲ ဝူရှား၏မကောင်းဆိုးဝါးဝိညာဉ်သည် ဒေါသတကြီးနှင့် လူငယ်လေးကို ရန်မူတိုက်ခိုက်လိုက်တယ်။ဒီမကောင်းဆိုးဝါးဝိညာဉ်သည် သူတို့ကိုသတ်ဖို့လုပ်မှန်းသိသာနေတယ်။

"ရှိအာ သတိထား"လူအုပ်ကြီးသည် ထိတ်လန့်စွာ သတိပေးလိုက်တယ်။

ဆိုးတာက သူတို့သတိပေးတာက နောက်ကျသွားပြီး မကောင်းဆိုးဝါးရဲ့ချွန်ထက်တဲ့လက်သည်းတွေက လူငယ်လေးနှင့်ဝူရှိထံကိုကျရောက်သွားတယ်။

"အား"ကြောက်တတ်တဲ့မိန်းကလေးတွေသည် ကြောက်လန့်တကြားနဲ့ သူတို့ရဲ့မျက်ဝန်းတွေကို ပိတ်လိုက်ကြသည်။သူတို့ရဲ့စိတ်ထဲမှာတော့ မကောင်းဆိုးဝါးသည် လူငယ်လေးနှင့်ရှိအာကို သူမရဲ့လက်သည်းတွေနှင့် ဆုတ်ဖြဲပစ်လိုက်ပြီဟု တွေးလိုက်ကြသည်။ဒါပေမဲ့ ရုတ်တရက် လူငယ်လေး၏ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းက ထွက်ပေါ်လာပြီး မကောင်းဆိုးဝါးဝိညာဉ်ကို ရိုက်ခတ်လိုက်တယ်။

"အူး"မကောင်းဆိုးဝါးသည် နာကျင်မှုကြောင့် ကြောက်လန့်စွာ အော်လိုက်ပြီး သူမရဲ့ခန္ဓာကိုယ်က၁၀မီတာလောက် လွင့်စင်သွားသည်။အဲဒီနောက်မှာတော့ ဝူရှားသည် သွေးအန်လိုက်ပြီး မြေကြီးပေါ်လဲကျသွားသည်။

"ဝူရှား"ဝူရှန်းသည် စိုးရိမ်စွာအော်လိုက်ပြီး သူ့ညီငယ်ထံကို ပြေးလာပြီး သူက ဝူရှား၏ပါးစပ်ထဲကို အသက်ကယ်ဆေးတစ်လုံးကို ထည့်ပေးလိုက်တယ်။

"ဘာဖြစ်တာလဲ?"

အကြီးအကဲဘန်သည် ဆူညံသံကိုကြားတာကြောင့် သူကခြံဝင်းထဲကို အပြေးအလွှားဝင်ရောက်လာသည်။

ကျောင်းသူတစ်ယောက်သည် ရှေ့ထွက်လာပြီး ရှင်းပြလိုက်တယ်"အကြီးအကဲဘန် ဝူရှားက နှစ်တစ်ရာကျော်သက်တမ်းရှိတဲ့ မကောင်းဆိုးဝါးကို ဆင့်ခေါ်လိုက်ပြီး ရှိအာကို တိုက်ခိုက်ခဲ့တယ်။တကယ်လို့အဖြူရောင်ဝတ်စုံလူငယ်ရဲ့မှော်လက်နက်ကသာ မကာကွယ်နိုင်ခဲ့ရင် လူငယ်နဲ့ရှိအာက သေသွားလောက်ပြီ။အဆုံးမှာတော့ ဝူရှားက သူ့ရဲ့စုန်းကဝေအတတ်ရဲ့တန်ပြန်သက်ရောက်မှုကြောင့် ထိခိုက်သွားတာဖြစ်တယ်။ဒါကအမှန်ပြောနေတာပါ"

COTAW(unicode)Where stories live. Discover now