360-361

3.1K 358 4
                                    

Chapter(360)
သူတို့ကိုသတ်ပစ်(1)

"ဒါဆို အစတည်းက မင်းက ငါကို စောင့်ကြည့်နေတာလား?"ရန်ကျီဇောင်က ဝူရုန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပြီး"ငါတို့က ညီအကိုကောင်းတွေမဟုတ်ဘူးလား?ဘာကြောင့် မင်းက ငါ့ကို စောင့်ကြည့်နေတာလဲ?"

"ညီအကိုကောင်းလား?"ဝူရုန်က သူ့ကို ထေ့ငေါ့စွာ ကြည့်လိုက်ပြီး ပြောလိုက်တယ်"ငါတို့က ညီအကိုကောင်းဆိုတာ သေချာရဲ့လား?ဒါဆို ဘာကြောင့် မင်းရဲ့ဆရာသခင်အသစ်ကို ကူညီပြီး ငါ့ကို သတ်ချင်ရတာလဲ?ရန်ကျီဇောင် ငါက မင်းကို ညီအကိုကောင်းလို့ဘဲ တွေးထားခဲ့တာ။မင်းကတော့ ငါ့ကို အရူးတစ်ယောက်လို ဆက်ဆံခဲ့တာ။မင်းအရူးလိုဆက်ဆံတဲ့ ငါကတော့ မင်းကို ညီအကိုလို့ တွေးထားခဲ့တာ။ဒါကဘဲ မင်းက မင်းရဲ့ဆရာသခင်ကို ကူညီပြီး ငါကို သတ်ဖို့ယုံကြည်ချက်ရှိနေခဲ့တာမလား?ငါပြောတာ မှန်တယ်မလား?"

"ငါက မင်းကိုညီအကိုလို မဆက်ဆံတာကို မင်းသိနေတည်းက မင်းက ငါ့ကိုတွေ့ဖို့ ဒီနေရာကိုလာရတာလဲ?"

"ငါသာမလာဘူးဆိုရင် ငါက မင်းကဒီလိုမျိုး ဘယ်လိုထပ်တိုက်ရင်ဆိုင်နိုင်မှာလဲ"

"ဝူရုန် မင်းက သစ္စာဖောက်လူယုတ်မာဘဲ"ရန်ကျီဇောင်၏မျက်လုံးတွေက နီရဲလာတယ်။

ရန်ကျီဇောင်၏ဒေါသက သက်ရောက်မှုမရှိဘဲ ဝူရုန်က စိတ်ညှို့တဲ့ပညာရပ်ကို သုံးလိုက်ပြီး"ရန်ကျီဇောင် မင်းရဲ့ဆရာသခင်ရဲ့အမည်က ရှန်းဇီဆိုတာ အမှန်ဘဲလား?"

"ဟုတ်တယ်"ရုတ်တရက် ရန်ကျီဇောင်၏မျက်လုံးတွေက ဗလာကျင်းသွားတယ်။

"သူက ဘယ်ကနေလာတာလဲ?သူက ဘာကြောင့် ငါ့ကို သတ်ချင်ရတာလဲ?"

"ငါမသိဘူး"

"မင်းက မင်းရဲ့ဆရာသခင်အကြောင်း ဘယ်လောက်ထိ သိသလဲ?"

"သူက အံ့သြစရာကောင်းတယ်။သူက ကျင့်ကြံခြင်းစွမ်းရည်အမျိုးမျိုးကို ကျွမ်းကျင်တယ်"

"နောက်ထပ်ရော?"

"မရှိတော့ဘူး"

ဝူရုန်က မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်တယ်"မင်း မနေ့က ငါ့အိမ်ကိုလာပြီး မင်းမှာဆရာသခင်ရှိပြီဆိုတာ လာပြောတဲ့အချိန်တုန်းက မင်းရဲ့ဆရာသခင်က ငါ့ကို သတ်ချင်နေတယ်ဆိုတာ မင်းသိလား?"

COTAW(unicode)Where stories live. Discover now