Chapter(158 to 160)

4.5K 802 6
                                    

Chapter(158)
ရန်သူ(1)

ဝူရုန်က ထပ်ပြီးမေးပေမဲ့ သူ့အမေကဟဘာကိုမှထပ်ပြောမပြောတော့ဘဲငြင်းဆန်ခဲ့တယ်။ဖြစ်နိုင်တာက သူ့အမေက ကျမ်းကျိန်သည့်အထဲမှာဟဘယ်သူ့ကိုမှမပြောဖို့ဆိုသည့်အချက်ပါဝင်ပြီး တကယ်လို့ပြောခဲ့ရင် ရင်ဆိုက်ရမည့်အကျိုးဆက်က ပြင်းထန်တာဖြစ်နိုင်တယ်။ဒါကြောင့်သူကလည်း ဘယ်လိုအကျိုးဆက်မျိုးကို မဖြစ်စေချင်တာကြောင့် နှိုက်နှိုက်ချွတ်ချွတ်မေးခြင်းကို ရပ်တန့်လိုက်တယ်။

အဲဒီအစား ဝူရုန်သည် သူ့ဖခင်ထံကိုသွားလိုက်တယ်။သူ့အမေက သူတို့အတွက် ဒင်းဆမ်းမုန့်သွားလုပ်တဲ့အချိန်မှာ ဝူရှိနဲ့ဥကလေးတို့ကို သူတို့ဘာသာသူတို့လေ့ကျင့်နေစေပြီးမှ သူကဝူချွင်ချင်ကို ထောင့်တစ်နေရာကိုဆွဲခေါ်သွားလိုက်တယ်။

"အဖေ အမေ့ရဲ့စိတ်စွမ်းအင်တွေကစည်းခတ်ခံထားရတယ်ဆိုတာအဖေသိလား?"

ဝူချွင်ချင်ရဲ့ပြုံးနေတဲ့မျက်နှာက ရပ်တန့်သွားပြီး လေးနက်စွာမေးလိုက်တယ်"မင်း ဘာကြောင့် ရုတ်တရက်ကြီး ဒီအကြောင်းကိုမေးတာလဲ?"

ဝူရုန်က စပ်စုချင်လို့သိချင်ရုံသက်သက်ဟန်နှင့် ပြောလိုက်တယ်"အမေက သူ့ဘာသာသူကျွန်တော့်ကိုပြောပြတာ။ဒါပေမဲ့သူမက ဘယ်လိုမျိုး စည်းခတ်ထားကို ချိုးဖြတ်လို့ရလဲဆိုတာပြောပြဖို့ငြင်းဆန်တယ်"

"ဘယ်လိုချိုးဖြတ်တာလဲ?ဒါက သူမအတွက်မကောင်းလို့လား?"ဝူချွင်ချင်ကမျက်မှောင်ကြုတ်ပြီးပြောလိုက်တယ်။

ဝူရုန်က ဆက်ပြောမလို့ လုပ်လိုက်တဲ့အချိန်မှာဘဲ အပြင်ဘက်မှ ကျယ်လောင်တဲ့ဆူညံသံတွေကို ကြားလိုက်ရသည်။

"ခြံဝင်းလေးခုကထပ်ပြီးတိုက်ကြပြန်ပြီ"ဝူချွင်ချင်ကသက်ပြင်းချပြီးပြောလိုက်တယ်။

ဝူမိသားစုတွေသည် ဝူအိမ်တော်ကနေထွက်လာပြီးကတည်းက သူတို့သည် အပြင်ထွက်တာကနည်းပါးပေမဲ့ ခြံဝင်လေးခုကတော့အချိန်တိုင်းလိုလို တိုက်ခိုက်နေကြပြီး ဂိုလင်မြို့ထဲက သာမန်အရပ်သားတွေကို ထိခိုက်စေခဲ့တယ်။သူတို့က မြို့ထဲက အများပြည်သူနဲ့ဆိုင်တဲ့သက်ဆိုင်ရာနေရာတွေကိုတောင် ရှောင်ရှားမှုမရှိဘဲ တိုက်ခိုက်တာကြောင့် ဂိုလင်မြို့သည်လည်း အရင်လိုငြိမ်းချမ်းတိတ်ဆိတ်မှုမရှိတော့ဘူး။တစ်ယောက်ကမှ ဝူပုဖန်ရဲ့စကားကို နားမထောင်တာကြောင့်သူကလည်း လက်လျော့လိုက်ပုံရတယ်။

COTAW(unicode)Where stories live. Discover now