Chapter(182+183)

3.6K 689 10
                                    


Chapter(182)
ဝန်ကြီးချုပ်၏မွေးနေ့ဧည့်ခံပွဲ(3)

"ဟုတ်ပါတယ်။ဒါကျွန်တော်တို့ ပထမဆုံးအကြိမ် သူ့မွေးနေ့အခမ်းအနားကို လာတာဖြစ်တယ်။တကယ်လို့များ ကျွန်တော်တို့နားမလည်တာတွေရှိရင် စီနီယာကပြောပြပေးဖို့မျှော်လင့်ပါတယ်"ဝူချွင်ချင်သည် အဲဒီလူကို ယဉ်ကျေးစွာပြောလိုက်တယ်။

"ငါသိတာပေါ့"အဲဒီလူက ဂုဏ်ယူစွာပြောလိုက်တယ်"ငါဒီကိုအကြိမ်များစွာလာဖူးတယ်။ဒါကြောင့် မင်းတို့သိသင့်တာတွေကို ငါပြောပြမယ်။သူကဖော်မေးရှင်း(အစီအရင်)အတွင်းမှာ နတ်ဘုရားတွေကိုဖိတ်ခေါ်ဖို့ရွတ်ဆိုဆုတောင်းတဲ့အခါ သူအောင်မြင်သွားတယ်ဆိုရင် နတ်ဘုရားတွေရဲ့မွေးနေ့ဆုတောင်းတဲ့သူက ကောင်းချီးပေးခံရတယ်။ကောင်းချီးပေးခံရတာက အမျိုးမျိုးရှိတယ်။ဒါကအသက်ရှည်တာ စွမ်းအားတိုးလာတာ အခုမင်းတို့မြင်သလိုမျိုး ရုပ်ရှည်နုပျိုလာတာတွေဖြစ်နိုင်တယ်။အမြဲတမ်းတော့ဆုတောင်းတာ အောင်မြင်တာတော့မဟုတ်ဘူး"

အဲဒီလူက ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး အသံတိုးတိုးနဲ့ဆက်ပြောလိုက်တယ်"ဆယ်ခါဆုတောင်းရင် တစ်ခါလောက်ကံကောင်းရင်တောင် လုံလောက်နေပြီ။မဟုတ်ရင် ငါကဒီလိုမျိုးပျော်နေမှာမဟုတ်ဘူး"

"ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ"ဝူချွင်ချင်ကကျေးဇူးတင်လိုက်တယ်။

အဲဒီလူသည် ဝူချွင်ချင်က ယဉ်ကျေးစွာပြောဆိုဆက်ဆံတာကိုသဘောကျသွားတယ်။

အဲဒီအချိန်မှာဘဲ ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ လှပတဲ့မိန်းကလေးသည် ဝူချန်ဇီရှိရာကို လျှောက်လမ်းလာတယ်။သူက လှုပ်ရှားလိုက်တဲ့အခါတိုင်း ရွှေရောင်ဆံထိုးကလှုပ်ခါနေတယ်။

ဝူချန်ဇီသည် မိန်းကလေးရဲ့လက်ကိုဆွဲပြီး လူအုပ်ကြီးကိုမျက်နှာချင်းဆိုင်လိုက်တယ်။ဒါကြောင့် လူတွေသည် သူတို့ကိုကောင်းကောင်းမြင်လိုက်ရတယ်။လှပတဲ့မိန်းကလေးက ကြွေထည်လိုအသားရည် ရှည်သွယ်တဲ့မျက်ခုံးတွေ ဆွဲဆောင်မှုရှိတဲ့မျက်လုံးတွေ ချစ်စရာကောင်းတဲ့နှာခေါင်း ပန်းရောင်သန်းနေတဲ့ပါးပြင် နှင်းဆီဖူးလိုနှုတ်ခမ်းတွေပိုင်ဆိုင်ထားတယ်။သူမသည် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီး မာနကြီးဟန်ပေါ်ပြီး သူမ၏မျက်လုံးထဲမှာတော့ လူတိုင်းကို အထင်သေးဟန်ပေါ်နေတယ်။ကမာ္ဘပေါ်မှာရှိတဲ့တစ်ယောက်ကမှ သူမနှင့်မထိုက်တန်သလိုမျိုးဟန်ကြည့်နေတာဖြစ်တယ်။

COTAW(unicode)Where stories live. Discover now