308

2.2K 432 3
                                    


Chapter(308)
ကျိန်စာကရှောင်လွှဲလို့မရနိုင်ဘူး(3)

အကြီးအကဲထန်းဇောင်က သူတို့ကို ကြည့်ပြီး တီးတိုးပြောလိုက်တယ်။
"ဖြစ်တာက ဖြစ်ပြီးသွားပြီ။ဒါက ရှောင်လွှဲလို့မရတဲ့ ဘေးဒုက္ခဘဲ။ကျန်စာက တကယ်ကိုဘဲ ရှောင်လွှဲလို့မဖြစ်နိုင်ဘူး။၎င်းက လင်းဖူဘုရားကျောင်းရဲ့ ကံကြမ္မာဂြိုလ်ဆိုးဖြစ်တယ်။ဒါပေမဲ့ အနည်းဆုံးတော့ ကျုပ်တို့တင်နေတဲ့ အကြွေးတွေကို ကျုပ်တို့အားလုံးက ပြန်ပေးဆပ်ရတာဘဲ"

ဝူရုန်နှင့် ဟေးရွမ်ရီက မကြာခင်မှာတော့ ဟေးအိမ်တော်ကို ပြန်ရောက်လာပြီး နူမူက တောက်ပတဲ့ အပြုံးကြီးနှင့် သူတို့ကို နှုတ်ဆက်လိုက်တယ်။

"ငါတို့က အဲဒီအချိန်တုန်းက လင်းဖူဘုရားကျောင်းက ထွက်ပြေးလာတဲ့ ဖူဂျင်ကို ဖမ်းမိခဲ့တယ်"

"စန်းလန်နဲ့ အခြားလူတွေကရော ဘယ်လိုလဲ?"ဝူရုန်က မေးလိုက်တယ်။

"စန်းလန်က အရမ်းဉာဏ်နီဉာဏ်နက်များပြီး ကလန်ကကျစ်ကျတဲ့သူဘဲ။သူနဲ့ အခြားလူသုံးယောက်က ငါတို့ရှိက လွတ်သွားတယ်။ကျန်တဲ့သူတွေက သတ်ပြီး မြစ်ထဲကို ပစ်ချခဲ့တယ်။ငါတို့က တစ်ယောက်ကလွှဲရင် ဂရန်းမစ္စတာရဲ့နောက်လိုက်တွေကိုလည်း သတ်ခဲ့တယ်"နူမူက ပြုံးပြီးပြောလိုက်တယ်။

"အဲဒါက ဘယ်သူလဲ?"

"မင်းသူ့ကိုတွေ့တဲ့အခါ မင်းသိလိမ့်မယ်။သူက ငါ့ခြံဝင်းထဲမှာဘဲ"

နူမူက သူတို့ကို သူ့ရဲ့အခန်းထဲကို ခေါ်သွားတယ်။လူတစ်ယောက်ကို ထိုင်ခုံပေါ်မှာ ကြိုးချည်ထားပြီး သူ့ရဲ့မျက်လုံးတွေကိုလည်း မမြင်ရအောင် အဝတ်စနဲ့ စည်းထားတယ်။

ဝူရုန်က အနီးကပ်သွားကြည့်လိုက်ပြီး ဒီလူက ဝူယုဆိုတာ မှတ်မိသွားတယ်။ဒီတော့ ဒီနေ့ ဝူချန်ဇီက ဘာကြောင့် သူ့ကို ဆန့်ကျင်ဖို့ ထောင်ချောက်ဆင်တာလဲဆိုတာ အားလုံးနားလည်သွားတယ်။ဝူယုက သူ့ရဲ့ဝမ်းကွဲအကိုဖြစ်တယ်။တကယ်လို့ ဒီကိစ္စတစ်ခုလုံးက ကျရှုံးခဲ့မယ်ဆိုရင် သူခိုးတွေရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ဝူယုက ဝူရုန်၏ဝမ်းကွဲအကိုလည်းဖြစ်တာကြောင့် ဝူရုန်က ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့ မှော်လက်နက်ကို ခိုးယူဖို့လုပ်တဲ့ အစီအစဉ် တစ်ခုလုံးမှာ သူကလည်း အတိအကျပါဝင်ပတ်သက်သွားလိမ့်မယ်။ဒီလိုသာ ဖြစ်လာပြီဆိုရင် ဂိုလင်းမြို့က ဝူမိသားစုတစ်ခုလုံးက ပါဝင်ပတ်သက်သွားလိမ့်မယ်။ဒါ့ကြောင့် အရှင်မင်းကြီးက တစ်မိသားစုလုံးကို ခေါင်းဖြတ်ကွပ်မျက်လိမ့်မယ်။

COTAW(unicode)Where stories live. Discover now