Chapter(6+7)

7.6K 1.1K 6
                                    

Chapter(6)ဝူကလန်

ဝူကလန်သည် ယင်ယန်ပညာရပ်တွေလေ့လာသည့် မျိုးဆက်သစ်လူငယ်တွေနှင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ကလန်တွေသည် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ဖွံဖြိုးတိုးတက်လာခဲ့တာဖြစ်သည်။ဝူရုန်တို့၏ ဝူအိမ်တော်သည်လည်း ဝူကလန်ခွဲသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ဂိုလင်းမြို့တွင် သူတို့၏ကလန်ခွဲသည် ပထမအဆင့်မိသားစုဖြစ်သည်။

မွန်းစတားတွေ နတ်ဆိုးတွေ မကောင်းဆိုးဝါးဝိညာဉ်တွေ နတိသူငယ်တွေရဲ့လွှမ်းမိုးမှုတွေရှိတာကြောင့် ကလန်တွေကို မတူညီသည့် ဆရာသခင်တွေနှင့် ဖွဲ့စည်းထားတာဖြစ်တယ်။ကလန်အတွင်းရှိ ကလေးတွေကို အသက်သုံးနှစ်လောက်ကတည်းက ယင်ယန်ပညာရပ်ကို သင်ကြားဖို့ မိသားစုကျောင်းတော်ကို ပို့ကြသည်။ကျောင်းတော်အတွင်းတွင် နက္ခတ်ပညာရပ် လက္ခဏာဖတ်ပညာ ယစ်ပူဇောင်သည့်အခါသုံးသည့် ဂါထာတွေ  ဓားသိုင်းပညာ စုန်းကဝေပညာ ဂမ္ဘီရပညာ စိတ်ညှို့ပညာရပ် ရှေးဂါထာ ဝိညာဉ်ဘာသာစကား အချိန်နှင့်သက်ဆိုင်တဲ့ပညာရပ်တွေ မြင့်မြတ်သည့်တည်နေရာနှင့်သက်ဆိုင်တဲ့သတင်းအချက်အလတ်တွေ ပုံရိပ်ယောင်ပညာရပ်တွေကို လေ့လာသင်ကြားနိုင်တယ်။

ပညာရပ်တိုင်းကို ကျွမ်းကျင်စွာ တတ်မြှောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ဒါ့ကြောင့် ကျောင်းသားတွေက မိမိနှစ်သက်ရာ ပညာရပ်ကို ဦးစားပေးသင်ကြားနိုငတယ်။ထင်ရှားကျော်ကြားတဲ့ ဘိုးဘေးတွေကတောင် ပညာရပ်အားလုံးမှာ ကျွမ်းကျင်ခဲ့တာမဟုတ်ဘူး။ဝူချန်ဇီသည်လည်း အချို့သောပညာရပ်တွေမှာ အခြေခံအဆင့်ဆရာသခင်အဆင့်ကို ရောက်ခဲ့တဲ့အတွက် အင်ပါယာအရှင်ဘုရင်မင်းမြတ်ကတောင် လေးစားခဲ့ရသည်။

ဝူဇူနှင့် ဝူရှိသည် နေ့လယ်အတန်းနားသည့်အချိန် ဝူရုန်ကို လာတွေ့တာဖြစ်လို့ သူတို့နှစ်ယောက်က နေ့လယ်ခင်းအတန်းတက်ရောက်ရန် လိုအပ်တယ်။ဒါ့ကြောင့် သူတို့နှစ်ယောက်က ကျောင်းပြန်သွားလိုက်ပြီး ဟေးရွမ်ရီရောက်လာသည့်အခါမှ အကြောင်းကြားဖို့ ပြောလိုက်ပြီး ထွက်သွားလိုက်ကြတယ်။

သူတို့နှစ်ယောက်ထွက်သွားပြီး မကြာခင်မှာဘဲ ဝူချွင်ချင်၏အကိုကြီးဝူချွင်ဂျင် ဝူရုန်၏အကြီးဆုံးဦးလေးသည် သတင်းစကားပါးလိုက်တယ်။ဒါက ဝူရုန်ကို အရှက်မရစေချင်တာကြောင့် လက်ထပ်ပြီးသားဇနီးမောင်နှံက ဆွေမျိုးတွေကို လာရောက်ဂါရဝပြုဖို့ မလိုကြောင်း ပြောကြားခဲ့တာဖြစ်တယ်။ဒါကို ကြားတော့ ဝူရုန်က လှောင်ရယ်လိုက်တယ်။သူတို့က လိမ်နေတာဘဲ။

COTAW(unicode)Where stories live. Discover now