239-240

2.9K 595 8
                                    


Chapter(239)
ဘယ်လိုတောင်ရက်စက်တဲ့သူလဲ(1)

ဝူချန်ဇီက ဒီအခြေအနေမှာ ဝူဝေ့ရွယ်ကို ကာကွယ်ပေးချင်ပေမဲ့လည်း သူကပိုပြီးအရေးကြီးတာကို ရွေးချယ်ရတော့မယ်။ဝူဝေ့ရွယ်လား?သူ့မြစ်ရဲ့ ထီးနန်းလား?တကယ်လို့ မိသားစုလေးစုရဲ့ထောက်ပံ့မှုကိုသာ ဆုံးရှုံးသွားမယ်ဆိုရင် ဒုတိယမင်းသားက ထီးနန်းရရှိနိုင်မဲ့ အခွင့်အရေးကို လွှဲချော်သွားမှာဖြစ်တယ်။

တကယ်လို့ ဝူချန်ဇီက ဝူဝေ့ရွယ်ကို အပြစ်ပေးခဲ့မယ်ဆိုရင်တောင် မနာလိုမုန်းတီးမှုတွေက ကျန်နေအုန်းမှာဖြစ်တယ်။မိသားစုငါးခုက အရင်ကလိုမျိုး ဘယ်တော့မှ ရင်းနှီးတော့မှာမဟုတ်ဘူး။ပြီးတော့ ဝူမိသားစုရဲ့နောက်ထပ်ပြသနာတစ်ခုက ဝူလျန်ဇီသည် ဂိုလင်းမြို့က ဝူမိသားစုဝင်တွေကို ကုသဖို့ တန်ဖိုးကြီးဆေးဝါးတွေကို အသုံးပြုခဲ့ရတာကြောင့်ဖြစ်တယ်။ဝူမိသားစုဝင်တွေက ဒီအတွက်ကြောင့်လည်း ဝူချန်ဇီကို မကျေနပ်ခဲ့ကြဘူး။

"ငါ့ရဲ့အကိုတော်မင်းသား မင်းက တကယ်ကိုဘဲ လှပတဲ့မိန်းကလေးနှစ်ယောက်ရဲ့မျက်နှာကို ပျက်စီးအောင် ရက်စက်နိုင်တယ်။သူတို့အတွက်ကတော့ သူတို့ကနဂိုအတိုင်းလှပဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးဆိုတော သိရဲ့လား?"လင်းကျီရှန်းက မိန်းကလေးတွေအတွက် ဝမ်းနည်း စိတ်မကောင်းဖြစ်နေတဲ့ လေသံနှင့်ပြောလိုက်တယ်။

အမှန်တကယ်ကတော့ သူကအလွန်ပျော်ရွှင်နေတာဖြစ်ပြီးဆက်ပြောလိုက်တယ်"မင်းက အရင်တုန်းက ဝူချန်ဇီရဲ့နောက်လိုက်အရာရှိတွေကို စည်းရုံဖို့လုပ်ခဲ့တာလေ။ဒါပေမဲ့ ဘာကြောင့် မင်းက ဗျူဟာပြောင်းသွားပြီး ဝူမိသားစုက မိန်းကလေးတွေကို ပစ်မှတ်ထားခဲ့တာလဲ?ဒါကမင်းရဲ့ ပုံစံမဟုတ်ဘူး။ဒါပေမဲ့လည်း ဒါက ကောင်းကောင်း အလုပ်ဖြစ်တယ်။ငါတို့က မိသားစုငါးခုကို ဖယ်ရှားဖို့ မဖြစ်နိုင်ဘူး။ဒါပေမဲ့ မိန်းကလေးတွေရဲ့ မျက်နှာကိုပျက်စီးအောင် လုပ်လိုက်တော့ သူတို့က တစ်ဖက်နှင့်တစ်ဖက်ဒေါသထွက်ပြီး ရန်ဖြစ်လာတော့မယ်။ဒါက ငါတို့နောက် အလုပ်တွေလုပ်ဖို့ပိုလွယ်သွားပြီ။ငါ ဒီကိုလာတဲ့ လမ်းမှာ အစောတုန်းက ရှန်းမိသားစုက ရှန်းကျီယောင်ကို ကန်ထုတ်တာကို မြင်ခဲ့တယ်။ဖြစ်နိုင်တာက သူမက ရှန်းမိသားစုထံကို သူတို့ရဲ့ ခွင့်လွတ်မှုကိုရဖို့ သွားတောင်းပန်တာဖြစ်မယ်။ငါက သူမကိုရှန်းမိသားစုက ဒီလို ဆက်ဆံလိုက်လို့ စိတ်မကောင်းတောင် ဖြစ်သွားတယ်"

COTAW(unicode)Where stories live. Discover now