Chapter(192+193+194)

3.5K 672 20
                                    


Chapter(192)
အရင်ဘဝတုန်းကဇာတ်ကြောင်း(1)

ဟေးရွမ်ရီက အလွန်ဒေါသထွက်နေတဲ့မျက်နှာနှင့် အခန်းထဲကိုဝင်လာတယ်။

ဝူရုန်က ထိတ်လန့်နေဆဲဖြစ်ကာပြတင်းပေါက်ဘက်ကိုလက်ညှိုးထိုးလိုက်ပြီးပြောလိုက်တယ်"သူမက..."

ဟေးရွမ်ရီက သူ့ကိုအတွေးမများစေချင်ဘူး။ဒါကြောင့် သူကရှင်းပြလိုက်တယ်"သူမ မအောင်မြင်သွားဘူး"

"သူမအရမ်းပြောင်းလဲသွားတယ်။သူမက လုံးဝမတူတဲ့တစ်ယောက်လိုဘဲ"

ဝူရုန်က ဝူဝေ့ရွယ်လိုမာနကြီးတဲ့မိန်းမတစ်ယောက်က သူ့ရှေ့မှာယောက်ျားတစ်ယောက်ကိုအတင်းနမ်းဖို့ကြိုးစားလိမ့်မယ်လို့တစ်ခါမှမတွေးခဲ့ဖူးဘူး။ဟေးရွမ်ရီက သူမအတွက် အရမ်းဆွဲဆောင်လွန်းလို့ သူ့ရဲ့အချစ်ကိုရဖို့ သူမရဲ့ဂုဏ်သိက္ခာကိုတောင် ဂရုမစိုက်တော့သာလား?

ဟေးရွမ်ရီက ဝူရုန်ကို ထိုင်စေပြီးပြောလိုက်တယ်"ကိုယ် အပြင်လူတွေဝင်လို့မရအောင် စည်းချထားလိုက်မယ်"

"ခင်ဗျား သူမကပြုစားခံရတယ်လို့မထင်ဘူးလား?"ဝူရုန်ကကြိုးစား၍ပြန်စဉ်းစားလိုက်ပြီး"ဒါက...တူ.တူတယ်"

ဟုတ်တယ်...ဒါက အရင်ဘဝတုန်းက ဝူရှိဖြစ်ခဲ့တာနှင့်တူတယ်။သူမက ရုတ်တရက်ကြီး အရမ်းပြောင်းလဲသွားခဲ့ပြီး သူမကိုယ်သူမ အမြဲတမ်း ဘာစီရဲ့လက်မောင်းထဲကိုပြေးဝင်ဖို့ လုပ်နေခဲ့တယ်။သူမကဘာစီကိုသာ စိတ်ထဲစွဲနေခဲ့ပြီး သူ(ဝူရုန်)ရဲ့မိဘတွေကိုတောင် လှည့်မကြည့်တော့ဘူး။

"ဒါက ဝူဝေ့ရွယ်ကပြုစားခံရတာဖြစ်နိုင်လား?"
ဒါကအရမ်းတူတယ်။ဒါပေမဲ့ဘယ်သူကများ သူမကိုသူ့ရဲ့ခင်ပွန်းကို ခိုးယူဖို့ဒီလိုမျိုးကိစ္စကို လုပ်စေဖို့ ကျိန်စာတိုက်ထားတာလဲ?

"ဒါဖြစ်နိုင်တယ်"ဒါပေမဲ့ ဟေးရွမ်ရီက ဒီကိစ္စကို စိတ်ဝင်စားမှုတော့မရှိဘူး။

ဝူရုန်က ဟေးရွမ်ရီရဲ့လက်ကိုဆွဲယူ၍စစ်ဆေးလိုက်ပြီး"ခင်ဗျားပြောတော့ သူမ မအောင်မြင်ခဲ့ဘူးဆို!ဟန့်!ဒီမှာကြည့်လိုက်!နှုတ်ခမ်းနီရဘဲ!"

သူက ဝူဝေ့ရွယ်က ဟေးရွမ်ရီကိုနမ်းဖို့လုပ်တာကိုဘဲ မြင်ခဲ့ရတာဖြစ်တယ်။သူက ဝူဝေ့ရွယ်က ဟေးရွမ်ရီရဲ့နှုတ်ခမ်းကိုဘဲဖြစ်ဖြစ် ဘယ်နေရာကိုဘဲဖြစ်ဖြစ်နမ်းမိသွားလားဆိုတာသေချာမမြင်ခဲ့ဘူး။

COTAW(unicode)Where stories live. Discover now