Chapter(36+37)

6K 1K 21
                                    

Chapter(36)ဒီဘဝမှာတော့ သူ့ကိုယုံကြည်မယ်

ဝူရုန်သည် အခန်းထဲကို ပြန်ရောက်လာသည့်အခါ သူက မျက်နှာသစ်လိုက်ပြီးနောက် ရှိရီကို အမိန့်ပေးလိုက်တယ်။

"တကယ်လို့ ဝူအန်းရန်က ဟူအန်းမြို့ကို သွားတယ်ဆိုရင် တစ်ယောက်ယောက်ကို သူ့နောက်ကို လိုက်ခိုင်းလိုက်။သူနဲ့ ဝူချူရဲ့ ဆက်ဆံရေးကို ဖျက်ဆီးပစ်ဖို့ မမေ့နဲ့"

"ဟုတ်"

ဝူရုန်က ခဏလောက်တွေးလိုက်ပြီးနောက် ဆက်ပြောလိုက်တယ်"ဝူမိသားစုက လူတွေကာ ငါ့ရဲ့သတိုးသမီးတင်တောင်း ပစ္စည်းတွေကို ငါ့နောက်ကွယ်မှာ ယူသွားကြတယ်။ဘယ်သူလဲဆိုတာ ရှာလိုက်"

"ဒါကို ကျွန်တော်လုပ်လိုက်မယ်"ရှိယူက ပြောလိုက်တယ်။

"ကောင်းပြီ။မနက်ဖြန်ကျရင် ငါ မင်းကို စာရင်းပေးမယ်။ပြီးတော့....."ဝူရုန်၏မျက်လုံးထဲတွင် အေးစက်သည့် အလင်းတန်းက ဖြတ်သန်းသွားပြီး ပြောလိုက်တယ်"လောင်းကစားရုံပိုင်ရှင်ကို လျှို့ဝှက်စွာ ငါ့စီကို ခေါ်လာခဲ့"

အလယ်အလတ်အဆင့် အလောင်းကောင်အစေခံတွေက အရာအားလုံးကို လုပ်ဆောင်ဖို့ မလုံလောက်ပါဘူး။ကောင်းတာက ရှိယူနှင့် အခြားအလောင်းကောင်အစေခံတွေက အဆင့်မြင့်အလောင်းကောင်အစေခံတွေနှင့် တူညီနေပါတယ်။တကယ်လို့ သူတို့က မလုပ်ဆောင်နိုင်ဘူးဆိုရင် သူတို့က ဟေးဂန်းစီမှာ အကူအညီတောင်းရမယ်ဆိုတာ သိနေပါတယ်။

COTAW(unicode)Where stories live. Discover now