311-313

2.4K 412 6
                                    

311-313

Chapter(311)
နှစ်ထပ်ဆက်နွယ်မှုရှိတဲ့ မိသားစု(1)

"ဟုတ်"ဝူယုက ပြန်ဖြေပြီးနောက်မှ သတိပြန်ဝင်လာတယ်။တကယ်လို့သူ့ရဲ့မျက်လုံးစည်းထားတာကို ဖယ်ထားမယ်ဆိုရင် သူက ဝူချန်ဇီ၏ကြောက်စရာကောင်းတဲ့အကြည့်ကြောင့် ကြောက်လန့်သွားနိုင်တယ်။

"ဝူရုန်က သူလုပ်နိုင်တယ်ဆိုတာ ငါ့ကိုပြဖို့မင်းကို ပို့လိုက်တာလား?"ဝူချန်ဇီကခါးသီးစွာ ရယ်လိုက်တယ်။

"........"ခေါင်းဆောင်ဝူ

ဝူယုက ခေါင်းဆောင်ဝူပြောတာကို ကြားပြီး ဝူရုန်က သူ့ကိုဒီကိုပု့လိုက်တာဖြစ်ပြီး သူ့ကိုကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်ခိုးယူခိုင်းသည့်အကြောင်းရင်းကို သိသွားပြီဆိုတာ နားလည်လိုက်တာကြောင့် တုန်ရီလာတယ်။

သူ၏မျက်လုံးတွေကု စည်းထားတာကြောင့် သူက ပိုပြီးတောင် ကြောက်တလန့်တကြားတုန်ရီလာတယ်။ဖြစ်နိုင်တာက ဝူချန်ဇီက နောက်တခဏအတွင်းမှာဘဲ သူ့ကိုသတ်ပစ်နိုင်တယ်။

"ဂရန်းမစ္စတာ ကျွန်တော်ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောပါဘူး။ကျေးဇူးပြုပြီးယုံကြည်ပေးပါ။ကျွန်တော်ကတိပေးပါတယ်။ကျွန်တော်မလုပ်...အွင်း"

ဝူချန်ဇီက ဆေးပြားတစ်ပြားကို ဝူယုရဲ့ပါးစပ်ထဲကို ထိုးထည့်လိုက်ပြီး"မင်းဘဝရဲ့နောက်ဆုံးအချိန်မှာ ပျော်ရွှင်ပါစေ"

ဝူယုက ဆေးပြားကို ထိမိတာနှင့်သူကဆေးပြားကိုထွေးထုတ်ဖို့ ကြိုးစားလိုက်တယ်။ဒါပေမဲ့ ဆေးပြားက သူ့ရဲ့တံတွေးနှင့်ထိမိတာနှင့် လျှင်မြန်စွာ သူ့ပါးစပ်ထဲမှာ ပျော်ဝင်သွားတယ်။သူက ဘာဆေးပြားလဲဆိုတာ မေးဖို့အခွင့်အရေးမလိုက်ခင်မှာဘဲ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ပြင်းထန်တဲ့နာကျင်မှုက ဖြစ်ပေါ်လာတယ်။ပြီးတော့ ခန္ဓာကိုယ်အတွင်းမှာရှိနေတဲ့သွေးပြန်ကြောတွေက ထုံးသွားပြီး တဖြည်းဖြည်းချင်းသိသာစွာနှင့် ကျုံ့ဝင်သွားတယ်။သူက အရိုးတွေရဲ့ကြေမွသွားတဲ့အသံကိုတောင် ကြားနိုင်တယ်။သူက နာကျင်မှုကို တောင့်ခံနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။

COTAW(unicode)Where stories live. Discover now