Chapter(11+12)

6.5K 1.1K 48
                                    

Chapter(11)လူငယ်လေး

နောက်ဆုံးမှာတော့ သူတို့ရထားလုံးက စတင်ရွေ့လျားလာပြီးနောက် ရုတ်တရက် ကျယ်လောင်သည့် အသံကို ကြားလိုက်ရတယ်။ဟေးဂန်းက ရထားလုံးအပြင်မှာ ရှိနေတာကြောင့် "သခင် သခင့်ကြင်ယာတော်ရဲ့ရထားလုံးက ကျိုးသွားပါတယ်"

ဟေးရွမ်ရီက ဘာမှပြန်မပြောပါဘူး။

ဝူရုန်၏မျက်ဝန်းတွေသည် အေးစက်သွားပြီး"ဟေးရွမ်ရီ ခင်ဗျား ကျါန်တော့်ကို အလောင်းကောင်အစေခံနှစ်ယောက်လောက်ပေးပါလား?"

အရင်ဘဝတုန်းက မကြာခင်မှာဘဲ ဟေးရွမ်ရီသည် ဝူရုန်အတွက် အလောင်းကောင်အစေခံလေးယောက်ကို ပြင်ဆင်ပေးခဲ့တယ်။ဒါပေမဲ့ ဝူရုန်က သူတို့ကို မကြိုက်တာကြောင့် သူတို့ကိုတွေ့သည့်အခါ စူးစူးဝါးဝါးအော်ခဲ့တယ်။ဒါ့ကြောင့် ဟေးဂန်းက ရက်စက်သည့်နည်းလမ်းကိုသုံးပြီး သူတို့ကို အဝေးကို ခေါ်ဆောင်သွားခဲ့တယ်။

အလောင်းကောင်အစေခံတွေက သေပြီးသားလူတွေနှင့် လုပ်ထားတာဖြစ်တယ်။သူတို့ကို ရှင်နေရင်းသေသူဟုလည်းခေါ်ကြတယ်။အလောင်းကောင်အစေခံတွေက အများအားဖြင့် သူတို့သခင်ကိုသာ သစ္စာခံကြတယ်။အလောင်းကောင်အစေခ့တွေက ကြိုးကိုင်ချယ်လှယ်သူ၏အမိန့်ကိုသာ လုပ်ဆောင်ကြတယ်။အလောင်းကောင်အစေခံတွေက အဆင့်သုံးဆင့်ရှိပြီး အဆင့်နိမ့် အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်တို့ ဖြစ်ကြတယ်။အဆင့်နိမ့်အလောင်းကောင်အစေခ့တွေက ဝညာဉ်တစ်ခု စိတ်စွမ်းအင်တစ်ခုသာရှိတယ်။သူတို့က သခင်၏နောက်တွင် စည်းကမ်းအတိုင်း နေထိုင်ကြပြီး စကားမပြောနိုင်ကြသလို လှုပ်ရှားမှုလည်းနှေးကွေးတယ်။အလယ်အလတ်အဆင့် အလောင်းကောင်တွေသည် ဝညာဉ်သုံးခု စိတ်စွမ်းအင်ခုနှစ်ခုရှိတယ်။သူတို့၏မျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်နေတာက လွဲပြီး ပုံမှန်အတိုင်းသာဖြစ်တယ်။အဆင့်မြင့်အလောင်းကောင်အစေခ့တွေက အလယ်အလတ်အလောင်းကောင်အစေခ့တွေနှင့်တူညီမှုရှိတယ်။ဒါပေမဲ့သူတို့က လုပ်ဆောင်နိုင်စွမ်းပိုမြင့်တာကြောင့် ပိုပြီး အထက်စီးဆန်တယ်။သူတို့တွေက သခင်တစ်ယောက်တည်း၏အမိန့်ကိုသာ နာခံပြီး လုပ်ဆောင်ကြတယ်။

COTAW(unicode)Where stories live. Discover now