278-280

2.5K 468 10
                                    

278-280
Chapter(278)
ဘယ်လိုတောင် သဘောကျစရာကောင်းတဲ့ ကစားပွဲလဲ?(2)

ပြိုင်ပွဲက စတင်ပြီလို့ပြောလိုက်တာနှင့် ကလေးတွေက တိုက်ခိုက်ကြတယ်။သူတို့က ဘယ်သူက ဘယ်သူလဲဆိုတာ မသိပါဘူး။သူတို့သိတာက ကိုယ့်ကလန်ကသူတွေကို မတိုက်ခိုက်ရဘူးဆိုတာဘဲ ဖြစ်တယ်။ဒါပေမဲ့ လင်း ရန် လု ယီနှင့် ဝမ်မိသားစုကကလေးတွေက ပြိုင်ကွင်းထဲကို မဝင်ခင်ကတည်းက သူတို့ကို  ပြိုင်ကွင်းထဲက အရွယ်ရောက်သူကို တိုက်ခိုက်ဖို့ သင်ပေးခံလိုက်ရတယ်။ဒါကြောင့် ကလေးတွေက ဝူချန်ဇီကို ဦးတည်ပြီးတိုက်ခိုက်ကြတယ်။

အခြားကလေးတွေကလည်း သူတို့နောက်ကိုလိုက်ပြီး ဝူချန်ဇီကို တိုက်ခိုက်ကြတယ်။

ဝူချန်ဇီက ပြန်တိုက်ခိုက်ရင် အသည်းမာတဲ့သူ ပြန်မတိုက်ခိုက်ရင်လည်း ပြိုင်ပွဲမှာ အနိုင်မရနိုင်ခြင်းကြောင့် ဝူချန်ဇီက အရှက်မကွဲချင်ဘူး။သူကနောက်ဆုံးမှာတော့ အစီရင်တစ်ခုကို သုံးပြီး ကလေးတွေရဲ့တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်တယ်။

ပရိတ်သတ်တွေက စိတ်ရှုပ်သွားတယ်။

အင်ပါယာအရှင်မင်းမြတ်ကလည်းပဟေဋ္ဌိဖြစ်သွားတယ်"ဘာဖြစ်တာလဲ?"

မိန်းမစိုးက ဘာမှားနေလဲဆိုတာ သွားရောက်စုံစမ်းစစ်ဆေးလိုက်ပြီး နောက်ဆုံးမှာ ဝူချန်ဇီက အဆင့်တစ်ပြိုင်ပွဲအတွက် စာရင်းသွင်းမိကြောင်း သိရှိခဲ့ရတယ်။သူတို့က ဒါကအမှားလုပ်မိတယ်ဆိုတာ သိပေမဲ့ သူတို့က မရယ်ဘဲမနေနိုင်ဘူး။

အချို့ကလေးတွေက ဝူချန်ဇီကို ကျင့်ကြံခြင်း စွမ်းရည်တွေနှင့်တိုက်ခိုက်ပေမဲ့ အလုပ်မဖြစ်တာကြောင့် သူတို့က ဝူချန်ဇီကို ကိုက်ဖို့ ရွေးချယ်လိုက်ကြတယ်။

"အာ့ မိမစစ်ဖမစစ်လေး"ကလေးတွေကိုက်တာက မပြင်းထန်ပေမဲ့ ဝူချန်ဇီကို နာကျင်မှုကို ခံစားရစေတယ်။သူက ကလေးကို ဆွဲမလိုက်တယ်။အခြားကလေးတွေကလည်း ရှေ့ကကလေးတွေလုပ်တဲ့အတိုင်း ဝူချန်ဇီရဲ့ခြေထောက်တွေ လက်တွေ ဖြစ်နိုင်သမျှနေရာတိုင်းကို ကိုက်ကြတယ်။ဝူချန်ဇီရဲ့ခန္ဓာကိုယ်တစ်လျှောက်လုံးက နာကျင်မှုကို ခံစားရတယ်။

COTAW(unicode)Where stories live. Discover now