Chapter(201-203)

3.4K 681 21
                                    


Ch(201to203)
Chapter(201)
အရင်ဘဝတုန်းကဇာတ်ကြောင်း(10)

နောက်ရက်တွေမှာတော့ ဝူရုန်က ဟေးရွမ်ရီသည် သူ့ကိုပိုပိုပြီး ပွေ့ဖက်လာတာကို တွေ့ရတယ်။ဟေးရွမ်ရီက သူတို့စားတဲ့အချိန်မှာဖြစ်ဖြစ် အိပ်တဲ့အချိန်မှာဖြစ်ဖြစ် လမ်းလျှောက်တဲ့အချိန်မှာဘဲဖြစ်ဖြစ် သူ့ကိုလက်မောင်းထဲထည့်ထားတတ်တယ်။ပြီးတော့ သူလိုချင်တာတိုင်းကိုလည်း ဝယ်ပေးတယ်။

ဝူရုန်က ဟေးရွမ်ရီသည် သူ့ကို ဒီလိုမျိုးအလိုလိုက်တာက ဟေးရွမ်ရီသည် သူ့ကိုအရာအားလုံးထက်ပိုတန်ဖိုးထားပြီး ချစ်တယ်လို့ခံစားရတာကြောင့် သူကအလွန်ကိုသဘောကျတယ်။သူကအရမ်းပျော်တယ်။သူကအရမ်းပျော်နေလွန်းလို့ ဝူချန်ဇီကို ကလဲ့စားချေရမယ်ဆိုတာကိုတောင် မေ့လုနီးပါးဘဲ။

တခြားသောဟေးမိသားစုဝင်တွေကလည်း သူ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံကြတယ်။သူတို့က သူ့ကိုနည်းလမ်းအမျိုးမျိုးနဲ့ပျော်ရွှင်အောင် လုပ်ပေးပြီး သူတို့က သူသွားချင်တဲ့နေရာတွေကိုလည်း လိုက်ပို့ပေးတယ်။ထူးဆန်းတဲ့ ဆရာသခင်ကတောင် တိတ်ဆိတ်စွာနှင့်ဘဲ သူ့နောက်ကို လိုက်ပါလာလေ့ရှိတယ်။

ဝူရုန်က သူကအရမ်းပျော်ရွှင်ရလွန်းလို့ နောက်ဆုံးမှာတော့ တစ်ခုခုမှားနေတာကို သတိထားမိလာတယ်။ဒါပေမဲ့ သူက သူ့ရဲ့ခန္ဓာကိုယ်က နောက်တစ်ကြိမ် ထိုးဖောက်မြင်ရတဲ့ ပုံစံကို ကူးပြောင်းသွားတဲ့ အချိန်မတိုင်မှီအထိ သူကဘာမှားနေလဲဆိုတာ မပြောနိုင်ဘူး။

အဲဒီအချိန်က သူနှင့် ဟေးရန်က အိပ်ခန်းအပြင်ဘက်မှာရှိတဲ့ ရေကန်ထဲမှာ ငါးမြှားနေတာဖြစ်ပြီး ဟေးရွမ်ရီနှင့်ဟေးရင်းကတော့ ပွဲကြည့်စင်မှာထိုင်ပြီး သူတို့ကိုကြည့်နေခဲ့တာဖြစ်တယ်။

ဝူရုန်က ငါးမြှားချိတ်မှာ ငါးလာဆွဲတဲ့အချိန်မှာ သူကငါးမြှားချိတ်ကိုမြှောက်လိုက်ပြီး စိတ်လှုပ်ရှားစွာအော်လိုက်တယ်"ငါ  ငါးဖမ်းမိပြီ ငါ ငါးရပြီ"

အဲဒီနောက်မှာတော့ ငါးမြှားတံက ဝူရုန်လက်ကနေ လွတ်ကျသွားခဲ့တယ်။

လေးယောက်လုံးက ဝူရုန်ရဲ့ခန္ဓာကိုယ်က ထွင်းဖောက်မြင်ရတဲ့ပုံစံကို ထပ်ပြီးကူးပြောင်းသွားတာကိုတွေ့တော့ ထိတ်လန့်သွားခဲ့ကြတယ်။

COTAW(unicode)Where stories live. Discover now