Chapter(116)

4.9K 1K 29
                                    

*****************
Chapter(116)
ကျောင်းတက်ခြင်း

ဝူရုန်က ဟေးအိမ်တော်က ထွက်လာတာနဲ့ သူကရထားလုံးစီကိုသွားလိုက်ပြီး စူချင်ခြံဝင်းကို သွား၍ ဝူရှိနှင့်အတူ ကျောင်းသွားလိုက်တယ်။သူတို့က ကျောင်းသွားတဲ့ လမ်းမှာဘဲ ဝူရှောင်းနဲ့ ဝူဘိုင်လည်း စူတုန်ခြံဝင်းက ထွက်လာတာကို တွေ့လိုက်ရတယ်။

ဝူရုန်တို့ကို မြင်တာနဲ့ ဝူဘိုင်က ဝူရုန်တို့ထံ ပြေးလာပြီး မေးလိုက်တယ်"ရုန်အာ တကယ်ဘဲ မင်းလား?"

"မင်းက ငါ့ကို ဘယ်သူလို့ထင်လို့လဲ?"ဝူရုန်က ပြန်မေးလိုက်တယ်။

"ဒါပေမဲ့ မင်းက ဝိတ်ကျသွားတာ အရမ်းမြန်တယ်။တစ်လလောက်နဲ့ မင်းကအရမ်းပြောင်းလဲသွားတယ်။မင်းက အရမ်းလှတာဘဲ"ဝူဘိုင်က ပြုံးပြီးပြောလိုက်တယ်။

"ဒါက ဘာအသုံးဝင်လို့လဲ?လေ့ကျင့်ရေးခရီးက ပြန်လာပြီး အလယ်အမည်ကို လက်ခံရရှိတာကမှ တကယ့်အောင်မြင်မှုဘဲ"ဝူရှောင်းက လှောင်လိုက်တယ်။

ဝူရုန်က သူ့ကို မျက်လုံးထောင့်ကနေ စိုက်ကြည့်လိုက်တယ်။

ဒါပေမဲ့ ဝူရုန်ရဲ့ ဒီစိုက်ကြည့်မှုက ဝူရှောင်းရဲ့ မျက်လုံးထဲမှာ ဖျားယောင်းသွေးဆောင်တဲ့ အကြည့်သာဖြစ်တယ်။သူကနှာခေါင်းရှုံ့လိုက်ပြီး လျှင်မြန်စွာ အဝေးကို ကြည့်လိုက်တယ်။

"အပြင်မှာ ထူးချွန်တဲ့သူထက် ပိုပြီးထူးချွန်တဲ့သုဆိုတာရှိတယ်ဆိုတာ နင်သိလား?နင်က ဝူမိသားစုမှာ အလယ်အမည်ရခဲ့ရင်တောင် နင်က အပြင်မှာသေသွားနိုင်သေးတယ်"ဝူရှိက ပြောလိုက်တယ်။

သူမပြောတာက အမှန်တရားသာဖြစ်တယ်။အပြင်မှာ ဝူမိသားစုထက် စွမ်းအားကြီးတဲ့မိသားစုတွေအများကြီးရှိတယ်။သူတို့ဘိုးဘိုးကြီးကို ဥပမာကြည့်လိုက်မယ်ဆိုရင်တောင် သူ့ရဲ့စွမ်းအားက မြို့တော်မှာဆို သာမာန်အဆင့်သာဖြစ်တယ်။သူက မိသားစုကြီးက လူတွေကို လုံးဝမယှဉ်နိုင်ဘူး။

"ရုန်အာ မင်းက ကျောင်းတက်တော့မှာဆိုတော့ မင်းက အပြင်မှာလည်း လေ့ကျင့်ရေးဆင်းမှာလား?"ဝူဘိုင်က မေးလိုက်တယ်။

COTAW(unicode)Where stories live. Discover now