Chapter(15+16)

6.6K 1.1K 51
                                    

Chapter(15)မင်းရဲ့သား


ဝူရုန်သည် ဥကိုအမြန်ဖမ်းလိုက်ရင်း"ငါ့ရဲ့ဥ" သူက စိတ်ရှုပ်သွားတယ်။

ကျင်းရှင်သည် ဝူရုန်ကို စိုက်ကြည့်လိုက်ရင်း"ဒါက မင်းခြေထောက်ကြားက ထွက်လာတာလေ။မင်းဟးမဟုတ်လို့ ဘယ်သူ့ဟာ ဖြစ်နိုင်မှာလဲ?"

"ဘာ?"ဝူရုန်က ထိတ်လန့်သွားပြီး"ငါ့ခြေထောက်ကြားက ထွက်လာတယ်"

လီးဖြစ်တာလား?

လာနောက်နေတာဘဲ ဖြစ်ရမယ်။

ကျင်းရှင်က ထပ်ပြီးမရှင်းပြတော့ဘဲ ပျောက်ကွယ်သွားတယ်။ဝူရုန်သည် သူ့လက်ထဲမှာ ဥကိုကိုင်ထားပြီး ကျင်းရှင်ကို တားဆီးရန် ကြိုးစား၍ အောိပြောလိုက်တယ်"ဟေ့ ဟေ့ ဒီအကြောင်းကို ထပ်ပြီး ပြောပြအုန်း"

သူက ယောကျာ်းတစ်ယောက်လေ...ဘယ်လိုလုပ်ပြီး ဥ ဥနိုင်မှာလဲ?

ဝူရုန်က ကျင်းရှင်က အိပ်နေသည့်အချိန်မှာ ဆင့်ခေါ်လိုက်မိတာကြောင့် ကျင်းရှင်က ဥကို သူနှင့်အတူ ယူဆောင်လာပြီး သူ့ကိုပေးလိုက်ပြီး ရယ်စရာလုပ်တာဖြစ်နိုင်လား?ဒါပေမဲ့ ကျင်းရှင်အကြောင်းကို သူသိတာကတော့ ကျင်းရှင်က ရယ်စရာလုပ်တတ်သည့် လူမျိုးမဟုတ်ဘူး။

ဒါဆိုရင် ဒီဥကရော ဘယ်ကနေ ပေါက်လာတာလဲ?အဖြေကိုတော့ ကျင်းရှင်ကဘဲ သိနိုင်တယ်။ဒါ့ကြောင့် သူက ကျင်းရှင်က နောက်တစ်ခါလာမှ မေးရပါမယ်။

COTAW(unicode)Where stories live. Discover now