Chapter(17)ပြုစားကပ်ပါးကောင်
ဟေးရှင်းသည် အတော်ဆုံးနှင့် ကျွမ်းကျင်မှုအရှိဆုံးဖြစ်ရုံသာမက လျှင်မြန်မှုလည်းရှိသည့် လက်သမားအဖွဲ့ကို ငှားရမ်းခဲ့တယ်။သူတို့က တစ်ရက်ထဲနှင့် အခန်းကို အဆင်သင့်ဖြစ်ရုံသာမက ဆယ့်နှစ်ပေရှိသည့် အိမ်ရာခင်းကဲ့သို့ ဆယ့်နှစ်ပေရှိသည့် ကုတင်ကိုလည်း လုပ်ဆောင်ပြီးသွားတယ်။ဟေးရှင်းက ခုတင်အောက်တွင် ပစ္စည်းများထည့်ထားတာကြောင့် ဒီကုတင်က တစ်ယောက်မှ ကျိုးအောင်လုပ်နိုင်မှာ မဟုတ်ဘူး။
ညရောက်သည့်အခါမှာတော့ ဝူရုန်က ကုတင်ရှေ့တွင် ရပ်၍ကြည့်နေတယ်။တကယ်လို့ အိပ်ရာခင်းသာမရှိရင် ဝူရုန်က ကုတင်လို့မတွေးဘဲ အခန်းငယ်လေးလို့ တွေးနိုင်တယ်။
ဝူရုန်က ခုတင်ပေါ်မှာ ထင်ပြီး စဉ်းစားနေတယ်။ဟေးရွမ်ရီက တကယ်ဘဲ သူနှင့်တစ်ခုတင်ထဲ အိပ်မလို့လား?
အရင်ဘဝတုန်းက သူတို့က ဘယ်တော့မှ တစ်ခုတင်ထဲမအိပ်ကြဘူး။ဒါက သူက ဟေးရွမ်ရီအပေါ်ထားသည့် သဘောထားပြောင်းလဲသွားတာကြောင့် အရာရာတိုင်းက ပြောင်းလဲသွားတာလား?
ဝူရုန်က မျက်မှောင်ကြုတ်လိုက်တယ်။
ကောင်းပြီလေ...ထားလိုက်ပါတော့...ဒီကုတင်ကလည်း ဒီလောက်တောင် ကြီးနေတာဘဲ။သူတို့က တစ်ယောက်နှင့် တစ်ယောက်မထိနိုင်ဘူး။ပြီးတော့ သူနှင့်ဟေးရွမ်ရီက ယောကျာ်းလေးတွေလေ။သူက မိန်းကလေးတစ်ယောက်လိုတော့ ဟေးရွမ်ရီရဲ့အနှောင့်အယှက်ပေးတာကို ခံရမျာကို စိုးရိမ်ဖို့ မလိုဘူး။ဒါ့အပြင် သူက ဒီလောက်ထိ ဝနေတာ ဟေးရွမ်ရီက သူ့ကိုခံစားချက်ရှိဖို့ မဖြစ်နိုင်ဘူး။