Chapter(204-205)

3.5K 688 8
                                    


Ch(204 to 205)
Chapter(204)
ခင်ဗျားဟာ မာလာပြီ(1)

"ရွမ်ရီ မသွားနဲ့။ကျွန်တော် ခင်ဗျားကို ထားမသွားနိုင်ဘူး"ဝူရုန်သည် ဟေးရွမ်ရီထွက်သွားတာကိုကြည့်ပြီး သူ့နှလုံးသားတွေက ကွဲကြေသွားသလိုခံစားရတယ်။

"ဝူရုန် ငါတို့လုပ်ပေးတာကိုအပြစ်မတင်ပါနဲ့။အတိတ်ကိုသွားပြီး မင်းမိသားစုကိုကာကွယ်ပါ။မင်းနဲ့ဟေးရွမ်ရီ ပျော်ရွှင်စွာနေထိုင်ရပါလိမ့်မယ်"ထူးဆန်းတဲ့ဆရာသခင်က စတင်ပြီး ဂါထာတွေကိုရွတ်ဆိုလိုက်တယ်။အစီရင်က တောက်ပလာပြီးစတင်ပြီး စီးစင်းလာတဲ့အချိန်မှာတော့ ဝူရုန်က အသိစိတ်ကို ဆုံးရှုံးလာတယ်။

"ရုန်အာ!ရုန်အာ"

ဝူရုန်က ဝမ်းနည်းစွာငိုကြွေးနေတဲ့အသံတွေကို ကြားရတယ်။ဒီအသံတွေက သူ့အဖေ သူ့အမေနဲ့ ဟေးရွမ်ရီ၏အသံနဲ့တူတယ်။သူကဟေးရွမ်ရီ၏အသံကို မှတ်မိသွားတော့ သူကစိုးရိမ်သွားပြီး သူ့မျက်လုံးတွေကိုဖွင့်ဖို့ ကြိုးစားလိုက်ပြီး"ဟေးရွမ်ရီ ဟေးရွမ်ရီ"

"ရွမ်ရီ...သူမင်းနာမည်ကိုခေါ်နေတယ်။သူ့ကိုဖြေလိုက်အုန်း"ဒါကဂေါင်တုန်ရဲ့အသံဘဲ။

"ဝူဝေ့ရွယ်...မကောင်းတဲ့မိန်းမဘဲ။သူ့ကြောင့်သာမဟုတ်ရင် ငါ့အကိုကဒီလိုမျိုးဝေဒနာခံစားရမှာမဟုတ်ဘူး။ကြည့်လိုက်!သူငိုတောင်မှငိုနေပြီ"ဒါကဝူရှိရဲ့အသံဘဲ။

ဝူရုန်က သူ့လက်ကိုတစ်ယောက်ယောက်က တင်းကျပ်စွာ ဆုတ်ကိုင်ထားပြီးဒီကနေ သူ့ကိုဆုံးရှုံးရမှာ ဘယ်လောက်တောင်ကြောက်နေလဲဆိုတာသိနိုင်တယ်။ဝူရုန်က မျက်ရည်တွေစီးကျလာတဲ့အခါမှာ သူကစိုးရိမ်ပြီး အက်ကွဲနေတဲ့အသံနှင့်ပြောနေတာကိုကြားလိုက်ရတယ်"ရုန်အာ သတိရလာပါတော့...ထတော့...ကိုယ်ဒီမှာရှိတယ်"

ဝူရုန်က ဟေးရွမ်ရီက သူ့ကိုစိုးရိမ်ပြီး ဝမ်းမနည်းစေချင်တာကြောင့် သူမျက်လုံးဖွင့်ဖို့ကြိုးစားလိုက်တယ်။သူကမျက်လုံးဖွင့်လိုက်တဲ့အချိန်မှာတော့ သူကမျက်ရည်ဝဲနေပြီး ပြုံးရောင်သန်းလာတဲ့မျက်လုံးတွေနဲ့ ဟေးရွမ်ရီရဲ့မျက်ရည်ဝဲနေတဲ့မျက်လုံးကိုတွေ့လိုက်ရတယ်။

COTAW(unicode)Where stories live. Discover now