283-285

2.3K 517 11
                                    

283-285
Chapter(283)
အုပ်စုခွဲခြင်း(2)

ဝူချန်ဇီက ဝူရုန်က ပြိုင်ကွင်းထဲကို အခြားသူတွေနှင့်အတူ ဝင်လာတာကို တွေ့လိုက်ရတယ်။

ဝူရုန်ရဲ့လှပလွန်းတဲ့ရုပ်ရည်က လူထုကိုချက်ချင်းဘဲ ဆွဲဆောင်သွားတယ်။သူတို့က သူ့အကြောင်းကို မပြောဘဲမနေနိုင်ဘူး။

လင်းမိုဟန်က ဝူရုန်ကို ပြိုင်ကွင်းထဲမှာတွေ့တော့ ထခုန်လုနီးပါးဘဲ။သူက သူ့လူတွေကို ဝူရုန်ရဲ့နာမည်ကို အဆင့်တစ်ပြိုင်ပွဲတုန်းက သွားရောက်စစ်ဆေးခိုင်းသေးတယ်။ဒါပေမဲ့ သူက ဝူရုန်ရဲ့အမည်ကို အဆင့်တစ်မှာ မတွေ့ခဲ့တာကြောင့် သူတွေးလိုက်တာက ဝူရုန်က စိတ်စွမ်းအင်မရှိတာကြောင့် ပြိုင်ပွဲမဝင်ရတော့ဘူးလို့ ထင်ခဲ့တာဖြစ်တယ်။အံ့အားသင့်စရာကောင်းတာက ဝူရုန်ကို အဆင့်ခြောက်ပြိုင်ပွဲမှာတွေ့နေရပြီ။

ဝူရုန်လို ဉာဏ်ကောင်းတဲ့သူက သူ့ကိုယ်သူသတ်သေတဲ့လုပ်ရပ်မျိုးတော့ လုပ်မှာမဟုတ်ဘူး။ဒါပေမဲ့အခုသူက ဝူရုန်ကို ပြိုင်ကွင်းထဲမှာ တွေ့နေရတယ်။

အဆင့်ခြောက်ပြိုင်ပွဲဝင်တွေက အဆင့်ငါးပြိုင်ပွဲဝင်တွေထက်သိသိသာသာနည်းတာကြောင့် ပရိတ်သတ်တွေရဲ့ရှေ့ဆုံးမှာရှိနေတဲ့ဟေးရွမ်ရီက ပြိုင်ကွင်းထဲကိုဝင်လာတဲ့ ဝူရုန်ကို ရှင်းရှင်းလင်းလင်းမြင်နေရတယ်။သူတို့က ဝူရုန်ကို နီးနီးကပ်ကပ်မြင်နိုင်ဖို့အတွက် လက်မှတ်ဖိုးအများကြီးပေးဝယ်ခဲ့ရတာဖြစ်တယ်။

"အဲဒါ ပါးပါးဘဲ။ပါးပါး..."ဟေးရွမ်ထန်ရဲ့လက်မောင်းပေါ်ကနေ ဥကလေးက စိတ်လှုပ်ရှားစွာခုန်ပြီး အော်လိုက်တယ်။

ဟေးရွမ်ထန်က သူ့ကိုထိန်းလိုက်ပြီး"ငါလည်းမြင်တယ်။ခုန်နေတာရပ်တော့။မင်း ငါ့ခြေထောက်ကိုနာအောင် လုပ်မိနေပြီ"

ဥကလေးက နှုတ်ခမ်းဆူလိုက်တယ်။

နူမူက စိုးရိမ်သွာတယ်"ရုန်အာက ဘယ်လိုလုပ်ပြီး အဆင့်ခြောက် ပြိုင်ပွဲဝင်ဖြစ်နေရတာလဲ?"

နှစ်သစ်ကူးမတိုင်တုန်းက သူက ဝူရုန်ရဲ့ခန္ဓာကိုယ်ထဲက ပြုစားကပ်ပါးတွေကို ရှင်းထုတ်ပေးခဲ့ရတာဖြစ်တယ်။ဒီလောက်အချိန်တိုလေးနဲ့ဘယ်လိုလုပ်ပြီး ဒီအဆင့်ထိ ရောက်လာဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ?ဟေးရွမ်ရီက ဝူရုန်ကို လျှင်မြန်စွာအဆင့်တက်နိုင်တဲ့ ဆေးတွေကို ကျွေးခဲ့လို့လား?

COTAW(unicode)Where stories live. Discover now