Chapter(69)လင်းမိုဟန်

5.7K 1K 8
                                    

Chapter(69)လင်းမိုဟန်

"ဘေးခြံဝင်းက ဧည့်သည်"ဝူရုန်သည် တောင့်သွားပြီး မေးလိုက်တယ်"လင်းမိုဟန်ကို ပြောတာလား?"

ဝူရုန်က လင်းမိုဟန်ကို ကယ်လာသည့်နေ့ကဘဲ တွေ့ပြီး သူက နောက်ပိုင်းမှာ ထပ်မတွေ့တော့ဘူး။ဒါ့ကြောင့် သူက လင်းမိုဟန်သည် ဟေးအိမ်တော်မှာ ရှိနေတယ်ဆိုတာကိုတောင် မေ့နေခဲ့တယ်။အခုက နှစ်သစ်ကူးတော့မယ်ဆိုတော့ နန်းတော်ကို ပြန်တော့မှာဖြစ်နိုင်တယ်။ဘုရင်မင်းမြတ်ကလည်း အိမ်ရှေ့စံမင်းသားကို စိုးရိမ်နေလောက်ပြီ။

"ဟုတ်ပါတယ်"အစေခံက ပြန်ဖြေလိုက်တယ်။

"သူ့ကို ဖိတ်လိုက်"

ဟေးဂန်းသည် အဝတ်စားလဲဖို့ အပြင်ကို ပြန်ထွက်သွားလိုက်တယ်။

ဟေးရှင်းကလည်း ဥကလေးကို တစ်ခြားတစ်နေရာမှာ ကစားဖို့ခေါ်သွားလိုက်တယ်။

ဒါ့ကြောင့် နူမူကလည်း သူ့ရဲ့ကပ်ပါးကောင်တွေကို စစ်ဆေးကြည့်ဖို့ သူ့အခန်းထဲကို ပြန်သွားလိုက်တယ်။

မကြာခင်မှာဘဲ အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လင်းမိုဟန်သည် ဝင်ရောက်လာတယ်။သူက ဝူရုန်ကို ကျေးဇူးတင်စကားပြောလိုက်တယ်"ကျွန်တော့်ကို ကယ်တင်ခဲ့ပြီး ဒီရက်တွေမှာ ဒီမှာ နေခိုင်းခဲ့သည့်အတွက် ကျေးဇူးတင်ပါတယ် ဆာ..ကြင်ယာတော်"

လင်းမိုဟန်သည် သူက ဒီမှာနေခဲ့သည့်ရက်တွေမှာ ဟေးအိမ်တော်၏နောက်ခံကို မသိခဲ့ဘူး။သူက ထူးဆန်းသည့် အခြေအနေတစ်ချို့သာ သတိပြုမိတယ်။ဥပမာ ဒီဝတုတ်နေသည့် ယောကျာ်းသည် တစ်ခြားယောကျာ်းတစ်ယောက်နှင့် လက်ထပ်ထားတယ်။အစေခံတွေက စကားလုံးအနည်းငယ်ကိုသာ ပြောဆိုနိုင်ပြီး လှုပ်ရှားမှုလည်း နှေးကွေးကြတယ်။သူတို့က အသက်ရှင်နေသည့် လက္ခဏာရပ်တွေမရှိဘူး။သူတို့က မရပ်မနား အလုပ်လုပ်နိုင်ကြပြီး ပင်ပန်းသည့် လက္ခဏာရပ်တွေလည်း မရှိဘူး။ဒါက ထူးဆန်းတယ်။

ရှိယန်က လင်းမိုဟန်အတွက် လက်ဖက်ရည်ချပေးလိုက်တယ်။

"သင့်ကိုကြိုဆိုပါတယ်။ကျွန်တော့်ရဲ့ အကူအညီအတွက်ဆိုရင်တော့ ကျွန်တော့်ကို ကျေးဇူးတင်ဖို့ မလိုအပ်ဘူး"ဝူရုန်က ပြောလိုက်တယ်။

COTAW(unicode)Where stories live. Discover now