224+225

3.1K 585 17
                                    


Chapter(224)
မွန်းစတားကလန်မှအမျိုးသား(1)

ကျင်းရှင်က မျက်တောင်တစ်ခတ်အတွင်းမှာဘဲ နောက်ကို ဆုတ်သွားပြီး ဝူရုန်ကိုမေးလိုက်တယ်"မင်း ဘယ်လိုလုပ်ပြီး ငါ့ရဲ့စိတ်စွမ်းအင်ကို စုတ်ယူရဲရတာလဲ?"

ဝူရုန်က သူ့ရဲ့ခန္ဓာကိုယ်က ဒီလိုထပ်ပြီးတော့ ဖြစ်သွားတာကို မယုံကြည်နိုင်ဘဲ မေးလိုက်တယ်"ငါ မင်းရဲ့စိတ်စွမ်းအင်ကို စုတ်ယူလိုက်တာလား?"

ဒါကအတိအကျကို ဝူချန်ဇီရဲ့မွေးနေ့ဧည့်ခံပွဲတုန်းက တခြားစိတ်စွမ်းအင်တွေက သူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာပြီး ပေါင်းစပ်သွားတဲ့ ခံစားချက်နှင့်အတူတူဘဲ။

"တကယ်ကိုဘဲ မင်းပေါ့"ကျင်းရှင်က မြေပေါ်ကိုဆင်းလိုက်တယ်။

ကံကောင်းစွာနှင့်ဘဲ သူက သူ့ရဲ့စိတ်စွမ်းအင်တွေအားလုံးကို မစုတ်ယူနိုင်လိုက်ခင် အချိန်မှီနောက်ဆုတ်လိုက်နိုင်တယ်။

"ငါက ရုတ်တရက်ကြီးငါ့ရဲ့ခန္ဓာကိုယ်ထဲကို ငါနဲ့ မသက်ဆိုင်တဲ့ စိတ်စွမ်းအင်တွေ ဝင်ရောက်လာတာကို ခံစားရတယ်။ဒါပေမဲ့..."ဝူရုန်က စိတ်ရှုပ်စွာဆက်ပြောလိုက်တယ်"ဒါပေမဲ့ ငါကဘယ်လိုလုပ်လိုက်တာလဲဆိုတာ မသိဘူး"

"ငါက ဘယ်လိုသိမှာလဲ?"ကျင်းရှင်က ဝူရုန်ကိုယ်တိုင်ကလည်း မသိဘူးဆိုတာကြောင့် သူ့ရဲ့ဒေါသက လျော့ကျသွားတယ်"မင်းမှာ စိတ်စွမ်းအင်ကို စုတ်ယူတဲ့ မှော်လက်နက်ရှိတာလား?"

ဝူရုန်က ခေါင်းခါလိုက်ပြီးပြောလိုက်တယ်"တကယ်လို့ငါ့မှာသာ အဲဒီမှော်လက်နက်ရှိရင်တောင် မင်းနဲ့ဥကလေးရှိက စိတ်စွမ်းအင်တွေကို စုတ်ယူပါ့မလား?"

တကယ်လို့သူ့မှာသာ ကျင်းရှင်ပြောသလိုမျိုး အဖိုးတန်မှော်လက်နက်ရှိရင် သူက အခြားလူတွေစီကဘဲ စိတ်စွမ်းအင်တွေကိုဘဲ စုပ်ယူမှာပေါ့!

ဒါကိုကြားတော့ ကျင်းရှင်က သတိဝင်သွားတယ်။ရုတ်တရက် ကျင်းရှင်က စိတ်ခံစားမှုတစ်ခုရလိုက်ပြီးပြောလိုက်တယ်"ငါ့အကြောင်းကို လျှောက်မပြောနဲ့"သူကပြောပြီးတာနှင့်လျှင်မြန်စွာ ပျောက်ကွယ်သွားလိုက်တယ်။

COTAW(unicode)Where stories live. Discover now