246-247

2.8K 592 2
                                    


Chapter(246)
မင်းပြောတာအမှန်ဘဲလား?

ဝူပုဖန်က စိုးရိမ်စွာမေးလိုက်တယ်"အရင်နေ့တုန်းက ဝူရုန်ငါတို့ကို ပို့ထားတဲ့ ကောက်ရိုးရိုင်းတွေက ဘယ်မှာလဲ?"

"အဲဒါတွေက ကျွန်တော့်အခန်းထဲမှာလေ။ဘာဖြစ်လို့လဲ?"

"အဲဒါတွေကို သွားယူပြီး အစေခံတွေကို ပြုတ်ခိုင်းဖို့ စီစဉ်လိုက်။ငါတို့က အဲဒါကို သောက်ဖို့လိုတယ်။အခုသွားလုပ်တော့"ဝူပုဖန်က ပြောလိုက်တယ်။

ဝူဘိုင်က သူ့အခန်းကိုပြန်သွားပြီး ကောက်ရိုးရိုင်းတွေကို သွားယူလာခဲ့တယ်။

"အဖေ ဘာတွေဖြစ်နေတာလဲ?"ဝူရှောင်ရန်က သိချင်စွာမေးလိုက်တယ်။

ဝူပုဖန်က ဘာကြောင့်လဲဆိုတာ ရှင်းပြဖို့ ပါးစပ်ဟလ်ုက်ပေမဲ့ သူက ဒီလူတွေက ဘယ်လိုမျိုး တကိုယ်ကောင်းဆန်တယ်ဆိုတာ သိတာကြောင့် အားလုံးက ဆေးပြုတ်ရည်သောက်ပြီးတဲ့ အချိန်မတိုင်ခင်အထိ မပြောဖို့ ဆုံးဖြတ်လိုက်တယ်။

တစ်နာရီအတွင်းမှာဘဲ ဆေးပြုတ်ရည်က ချက်ပြီးသွားတယ်။

ဝူပုဖန်က ဒီဆေးပြုတ်ရည်ကို အားလုံးကသောက်သင့်ကြောင်း ပြောလိုက်ပြီးတော့ သူကဝူရှောင်ရန်နဲ့အခြားလူတွေကိုလည်း တစ်ခွက်စီသောက်ဖို့ ပြောလိုက်တယ်။အစေခံတွေကိုလည်း နောက်ဆုံးမှာ သောက်စေလိုက်တယ်။အဲဒီအချိန်မှ ဝူပုဖန်က အခြေအနေကို ရှင်းပြလိုပ်တယ်။

"အပြင်က လူတွေအများကြီးက အဖျားရောဂါကို ခံစားနေရတယ်။သူတို့က ရုတ်တရက်ကြီး အကြောင်းပြချက်မရှိဘဲ မေ့မျောသွားပြီး သူတို့ရဲ့ခန္ဓာကိုယ်တွေက အလွန်ပူလောင်လာတယ်။ဒါပေမဲ့ သမားတော်တစ်ယောင်ကမှ သူတို့ရဲ့သွေးခုန်နှုန်းကို စမ်းသပ်ပြီးတဲ့နောက်မှာ သူတို့ အခြေအနေက ဘာမှားနေလဲဆိုတာ မပြောနိုင်ဘူး။သမားတော်တစ်ယောက်ကမှ ဘယ်ကနေ စတင်ပြီး ဘယ်လိုကုသရမလဲဆိုတာ မသိဘူး။ဒါပေမဲ့ ငါကရုတ်တရက် ဝူရုန်ရဲ့အစောင့်လာပို့ပေးခဲ့တဲ့ ကောက်ရိုးရိုင်းအကြောင်းကို တွေးမိတယ်။ငါက ဒါကအလုပ်ဖြစ်မလားဆိုတာ ကြိုးစားကြည့်တာ"

အဓိကအချက်ကတော့ အခုချိန်မှာ ဘယ်ဆိုင်မှာမှ ကောက်ရိုးရိုင်းကို ဝယ်လို့မရတော့ဘူး။မဟုတ်ရင် သူကဒီကိုလာပြီး ဆေးလာသောက်မှာ မဟုတ်ဘူး။

COTAW(unicode)Where stories live. Discover now