Ch(211+212)
Chapter(211)(warning⚠)
ကျွန်တော် ဝင်ငွေအများကြီးရှိအောင် ကြိုးစားရမယ်(1)ဝူရုန်က ခန်းမထဲကိုရောက်လာတော့ ကြီးမားသည့်သတ္တာနှစ်လုံးကို ဘေးမှာချထားတဲ့ အထည်ဆိုင်ပိုင်ရှင်နှင့် သေးငယ်တဲ့သေတ္တာနှစ်လုံးကိုသယ်ဆောင်ထားသည့် လက်ဝတ်ရတနာဆိုင်ရှင်ကိုတွေ့လိုက်ရသည်။
ဆိုင်ရှင်နှစ်ယောက်လုံးသည် ဝူရုန်ကို အပြုံးကြီးကြီး နှင့်ပြောလိုက်တယ်"လူကြီးမင်း ဒါတွေကလွန်ခဲ့တဲ့သုံးရက်တုန်းက သခင်လေး မာယူထားတဲ့ အဝတ်အထည်တွေနဲ့လက်ဝတ်ရတနာတွေပါ။ကျေးဇူးပြုပြီးတစ်ချက်လောက် စစ်ကြည့်လိုက်အုန်း"
သူတို့က ဝူရုန်စစ်ဆေးကြည့်ဖို့အတွက် အဖုံးတွေကိုဖွင့်ပြလိုက်သည်။
ဝူရုန်သည် ဒါတွေကိုကြည့်လိုက်ပြီးနောက် သူစိတ်ကျေနပ်သည့်အတွက် သူကလက်ကျန်ငွေကိုပေးချေလိုက်သည်။အဲဒီနောက်မှာတော့ သူကဒီသေတ္တာတွေကို အနောက်ဘက်ခြံဝင်းက သူတို့အိပ်ခန်းထဲကိုသယ်ခိုင်းလိုက်သည်။
ဝူရုန်က အိပ်ခန်းထဲကိုပြန်ရောက်လာတဲ့အချိန်မှာ ဟေးရွမ်ရီသည် စားပွဲမှာထိုင်ပြီး စာဖတ်နေတာကိုတွေ့လိုက်ရသည်။သူကပြုံးလိုက်ပြီး ဟေးရွမ်ရီရဲ့ပေါင်ပေါ်မှာ သွားထိုင်လိုက်ပြီးပြောလိုက်တယ်"ကျွန်တော်က ခင်ဗျားအတွက် အဝတ်အစားတွေနဲ့ လက်ဝတ်ရတနာတွေကိုဝယ်ခဲ့တယ်"
ဟေးရွမ်ရီက စာအုပ်ကိုပိတ်လိုက်ပြီး စားပွဲပေါ်တင်လိုက်တယ်။သူက ဝူရုန်ကို သူ့လက်မောင်းထဲမှာဖက်ထားလိုက်ပြီး သေတ္တာတွေကိုကြည့်လိုက်ပြီးပြောလိုက်တယ်"ဒီလောက်ထိများသလား?"
ဝူရုန်က အရင်ကဝူဝေ့ရွယ် လုပ်ခဲ့တာကိုတွေးမိတော့ နည်းနည်းတော့ရှက်သွားပေမဲ့ သူကဟေးရွမ်ရီကို ပိုပြီးတော့ တွယ်ကပ်၍ဖက်ထားလိုက်တယ်။ဝူရုန်က ဟေးရွမ်ရီရဲ့ရင်ခွင်ထဲကို ပိုပိုတိုးဝင်လိုက်၍ သူခေါင်းတွေကို ဟေးရွမ်ရီရဲ့ရင်ဘတ်မှာပွတ်သပ်လိုက်ပြီး ပြောလိုက်တယ်။
"အများကြီးမဟုတ်ပါဘူး။ကျွန်တော်က ခင်ဗျားအတွက်တစ်ချို့ကိုပိုဝယ်ခဲ့ရုံပါ"