Chapter(99)

5K 1K 21
                                    

Chapter(99)စွပ်ဖားလှည်းပြိုင်ပွဲ(၂)

ပန်းတိုင်သည် မြစ်တစ်ဖက်ကမ်းရှိ မီတာခြောက်ရာအကွာရှိ အလံသုံးခုစိုက်ထူထားသည့် နေရာဖြစ်တယ်။ဘယ်သူကဘဲ အလံကိုရရှိသည်ဖြစ်စေ အနိုင်ရရှိသူဖြစ်တယ်။ပထမဆုံးအလံရရှိသူက ပထမဆုအဖြစ် ရွှေချောင်းငါးချောင်းရရှိမည်ဖြစ်ပြီး ဒုတိယဆုရရှိသူက ရွှေချောင်းသုံးချောင်းနှင့် တတိယဆုရရှိသူသည် ရွှေချောင်းတစ်ချောင်းရရှိမည်ဖြစ်တယ်။

ဒီရွှေချောင်းတွေသည် ဝူရုန်တို့လိုမိသားစုတွေအတွက် များပြားသည့် ပမာဏမဟုတ်ပေမဲ့ သာမန်မိသားစုတွေအတွက်တော့ တစ်ဘဝလုံး ချမ်းသာဖို့လုံလောက်သည့် ပမာဏဖြစ်တယ်။ဒီရွှေချောင်းတွေကို စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က လာရောက်လှူဒါန်းတာဖြစ်ပြီး အနိုင်ရရှိသည့်မည်သူမဆို ရရှိနိုင်မည်ဖြစ်တယ်။

ဒါကြောင့် ရေခဲပြင်စီးစွပ်ဖားလှည်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ကစားသမားတစ်ထောင်ကျော်ရှိတယ်။ပြိုင်ပွဲဝင်များသည် အသင်းတစ်သင်း အဖွဲ့တစ်ဖွဲ့ ဖြင့် စွပ်ဖားလှည်းတစ်ခုတွင် လူတစ်ယောက်ထက်မက ပါဝင်ယှဉ်ပြိုင်နိုင်သည်။ဒါပေမဲ့ စွပ်ဖားလှည်းတစ်ခုကို လူတစ်ယောက်ချင်းစီးမှသာ စွပ်ဖားလှည်းပိုမြန်ပြီး ပန်းတိုင်ကို အမြန်ရောက်နိုင်မည်ဖြစ်သည်။ဒါကြောင့် ဝူရုန်တို့အသင်းအပြင် နောက်ထပ်အသင်းနှစ်သင်းသာ အဖွဲ့လိုက်ဖြစ်တယ်။

ဝူရုန်သည် ဝူရှန်းတို့ဘက် လှည့်ကြည့်လိုက်တော့ အခြားသောဝူမိသားစုဝင်တွေကိုလည်း ပြိုင်ပွဲတွင် ပါဝင်လာတာကို တွေ့လိုက်ရသည်။

ပြိုင်ပွဲ၏ကစားပွဲဒိုင်သည် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူမက သုံးလို့ရေတွက်လိုက်တာနှင့် ပြိုင်ပွဲဝင်ကစားသမားများသည် သူတို့၏စွပ်ဖားလှည်းကို လျှောတိုက်ရွေ့လျားစေဖို့လုပ်ဆောင်ကြသည်။

ပြိုင်ပွဲဝင်ကစားသမားများကို စိတ်စွမ်းအင်အသုံးပြုခွင့်မပေးထားပေမဲ့ ကျင့်ကြံသူများသည် သာမန်လူများထက် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကြံခိုင်သူများပင်ဖြစ်သည်။ဒါကြောင့် မကြာခင်မှာဘဲ သာမန်လူများသည် နောက်တွင်ကျန်ရစ်ခဲ့ပြီး ကျင့်ကြံသူတွေက ရှေ့မှဦးဆောင်သွားသည်။

COTAW(unicode)Where stories live. Discover now