Chapter(109)

4.9K 1K 18
                                    


အပိုင်း(၁၀၉)မင်းတို့အမေနဲ့အရမ်းဆင်တယ်

ဝူရှိသည် နေရာတစ်ခုကို မေးဆက်ပြလိုက်ရင်းဆက်ပြောလိုက်တယ်"အဲဒီနေရာက ပြိုကျထားတဲ့တံတိုင်းတွေနဲ့မြေကြီးတွေကိုတွေ့လား?သူတို့က အရမ်းပြင်းပြင်းထန်ထန်တိုက်ခိုက်လို့ဖြစ်သွားတာ။ငါတို့အခုဆိုရင် တောင်ဘက်ခြံဝင်းကိုတောင် ပြုပြင်ဖို့မတတ်နိုင်ဘူး။ဦးလေးချွင်ဂျင်က ဒါကိုပြုပြင်ဖို့အတွက် ငွေသုံးမှာမဟုတ်ဘူး"

ဝူရုန်က အုတ်တံတိုင်းတွေက အက်ကွဲ၍ပြိုကျပျက်စီးနေပြီး မညီညာတော့တာကို တွေ့လိုက်ရတယ်။

"တောင်ဘက်ခြံဝင်းက ဘယ်တော့မှ ဒီလိုမျိုးအဆုံးသတ်သွားလိမ့်မယ်လို့မထင်ခဲ့ဘူး"ဝူရှိက ဝမ်းနည်းစွာပြောလိုက်တယ်။

ဝူရုန်က ဝူရှိ၏ဆံပင်တွေကို ပွတ်ပေး၍နှစ်သိမ့်ပေးလိုက်တယ်"အရာရာတိုင်းက ပိုကောင်းလာပါလိမ့်မယ်"

"အခုဆိုရင် ဦးလေးချွင်ဂျင်တို့မိသားစုက နေရာတစ်ခုမှာအလုပ်လုပ်နေကြတယ်။ငါလည်း အလုပ်လုပ်ပြီးမိသားစုကို ထောက်ပံ့ပေးချင်တယ်"ဝူရှိက ပြောလိုက်တယ်။

ဝူရုန်က မျက်မှောင်ကြုတ်ပြီးပြောလိုက်တယ်"မိသားစုဝင်ငွေနဲ့ပတ်သက်ပြီး အဖေနဲ့ငါမှာဘဲ တာဝန်ရှိတယ်။မင်းက မင်းရဲ့စုန်းကဝေပညာရပ်ကိုသာ ဂရုစိုက်ပြီး သေချာသင်ယူနားလည်လား?ငါတို့စူချင်ခြံဝင်းက မိန်းကလေးတစ်ယောက်ရဲ့ထောက်ပံ့မှုကို လိုအပ်တဲ့အထိ မနိမ့်ကျသေးဘူး"

"ဒါပေမဲ့..."

"ဘာဒါပေမဲ့မှမရှိဘူး"ဝူရုန်က အသံနိမ့်လိုက်ပြီး ဆက်ပြောလိုက်တယ်"မမေ့လိုက်နဲ့။အဖေက သူ့ရဲ့ညီအကိုတွေထဲမှာ စွမ်းအားအရှိဆုံးလူဘဲ။သူ့အတွက် ငွေရအောင်လုပ်ရလွယ်ကူတယ်။ပြီးတော့ အဖေက ဦးလေးတွေလို ငွေဖြုန်းတတ်တဲ့သူမဟုတ်ဘူး။သူက အရမ်းချွေတာသုံးတယ်။ဒါ့အပြင် သူ့မှာဟေးရွမ်ရီပေးထားတဲ့တန်ဖိုးကြီးလက်ဆောင်တွေအများကြီးရှိတယ်။အဲဒီထဲက အိုင်တမ်တစ်ခုကတောင် ငါတို့မိသားစုကို နှစ်အနည်းငယ်လောက်ထောက်ပံ့ပေးနိုင်တယ်။ငါက ဒီအကြောင်းကိုပြောနေရတာက မင်းကိုမစိုးရိမ်စေချင်လို့ဘဲ"

COTAW(unicode)Where stories live. Discover now