Chapter(65)မင်းက ကိုယ့်ကိုလက်ထပ်ထားတာလေ

5.9K 1K 27
                                    

Chapter(65)မင်းက ကိုယ့်ကိုလက်ထပ်ထားတာလေ

"ဘာလဲ?"ဝူရုန်က စာရွက်ကို ယူပြီး ကြည့်လိုက်သည့်အခါ အမည်စာရင်းတွေ ရေးထားတာကို ကြည့်ပြီး အသံထါက်ဖတ်လိုက်တယ်။

"ဟေးရွီးဖန် ဟေးယန်ရန် ဟေးဂျင်းယန်......"

ဝူရုန်က စာရင်းကို ဖတ်လိုက်ပြီးနောက် ဟေးရွမ်ရီ ဘာလုပ်ချင်လဲဆိုတာ နားလည်သွားတာကြောင့် အံ့ဩစွာ ပြောလိုက်တယ်။

"ဒါက ခင်ဗျားကလေးကို ပေးဖို့အမည်တွေလား?"

ဟေးရွမ်ရီက ခေါင်းတစ်ချက်ငြိမ့်ပြလိုက်တယ်။

"ဒါဆို ခင်ဗျားက ကလေးတွေကို ကြိုက်တာလား?"

"မဟုတ်ဘူး။ကိုယ်မကြိုက်ဘူး"ဟေးရွမ်ရီက မျက်မှောင်ကြုတ်လိုက်တယ်.သူ့ရဲ့ကလေးအရင်းက လွှဲလို့ပေါ့။

ဟေးရွမ်ရီ၏အဖြေကို ကြားတော့ ဝူရုန်၏မျက်ဝန်းတွေက ပြောင်းလဲသွားပြီး ပြောလိုက်တယ်"အမည်တွေအားလုံးက ချစ်စရာကောင်းတယ်။ရွေးရခက်တယ်။ဒါပေမဲ့ ဘာလို့ မိသားစုအမည်က ဟေးဖြစ်နေရတာလဲ?ဘာကြောင့်ဝူမဟုတ်တာလဲ?"

"မင်းက ကိုယ့်ကို လက်ထပ်ထားတာလေ"ဟေးရွမ်ရီက ဝူရုန်ကို စိုက်ကြည့်လိုက်တယ်။ဒါ့ကြောင့် ကလေးအားလုံးက ကိုယ့်ရဲ့မိသားစုအမည်နောက်ဘဲ လိုက်ရမယ်။

ဘယ်လိုတောင်လဲ?ဝူရုန်သည် မကျေမနပ်ဖြစ်သွားပြီး နှုတ်ခမ်းဆူလိုက်တယ်။သူက မျက်လုံးမှိတ်လိုက်ပြီး စာရွက်ပေါ်ကို လက်ညှိုးထောက်လိုက်ပြီး ကျဗန်းရွေးချယ်လိုက်တယ်။

"ဒီတစ်ခုဘဲ"

"......."ဟေးရွမ်ရီက စစ်ဆေးလိုက်ပြီးနောက် ပြောလိုက်တယ်။

"ဒီတစ်ခု ဟေးဟိုချိုင်လား?ကောင်းတယ်"

"မွေးကာစကလေးလေးတွေဆိုရင် ချစ်စရာအမည်ရှိမှ ကောင်းတာ"ဝူရုန်က ဟေးရွမ်ရီသည် ကလေး၏အမည်ရင်းကို ရွေးထားတာကြောင့် သူက ချစ်စရာအမည်ကို ပေးသင့်တယ်လို့ တွေးလိုက်ပြီး ပြောလိုက်တယ်"ဝက်ဥ ဆိုရင်ကော ခင်ဗျား ဘယ်လိုထင်လဲ?"

"....."ဟေးရွမ်ရီသည် ဘာမှ မပြောဘဲ စာရွက်ကို ခေါင်းအုံးအောက်ကို ထိုးထည့်လိုက်ပြီး အိပ်လိုက်တယ်။

COTAW(unicode)Where stories live. Discover now