Chapter(108)

4.9K 1K 8
                                    

Chapter(108)တကယ်ဘဲဒုတိယအကိုလား?

"ဟန်!!"ဝူရှိသည် ကြောင်အသွားပြီး နေရာမှာဘဲ အေးခဲသွားတယ်။

ဒီကြီးကျယ်ခမ်းနားတဲ့လူက သူမရဲ့ဒုတိယအကိုဝူရုန်လား?

"ဘာ!!သူက ဝူရုန်လား?"တောင်ဘက်ခြံဝင်းက ကျောင်းသားကျောင်းသူတွေ အားလုံးက ဒီလှပတဲ့လူငယ်က ဝူရုန်ဆိုတာ မယုံနိုင်ဘူး။

"မဖြစ်နိုင်ဘူး။သူက နောက်နေတာဘဲဖြစ်ရမယ်"

"ဝူရုန်!ဝူရုန်!ဘယ်သူက ဝူရုန်လဲ?အာ ငါမှတ်မိပြီ။သူက အရမ်းကိုဝတဲ့တစ်ယောက်ဘဲ။အိုး!မဖြစ်နိုင်ဘူး။ဒါက အမှန်တရားမဖြစ်နိုင်ဘူး"

တခြားလူတွေကလည်း ဝူရုန်က ဘယ်သူလဲဆိုတာမှတ်မိသွားတာနှင့် သူတို့၏မေးရိုးက ပြုတ်ကျလာတယ်။

အကြီးအကဲဘန်က ဝူရုန်က ဘာကြောင့် အချိန်တိုလေးအတွင်းမှာ ဝိတ်ကျသွားလဲဆိုတာ စိတ်မဝင်စားပါဘူး။ဒါကြောင့် သူက ပြောလိုက်တယ်"မင်းက ဝူရုန်ပေါ့။ဒါဆို ဘာကြောင့် ဒီကိုရောက်နေတာလဲ?"

"အရင်တုန်းက ကျွန်တော့်ရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေကြောင့် ကျွန်တော်က ကျောင်းမလာခဲ့ဘူး။ဒါပေမဲ့ အခု ကျွန်တော်က ဝိတ်ကျသွားလို့ မိသားစုခေါင်းဆောင်က ဒီမှာလာပြီး အချို့ပညာရပ်တွေအကြောင်းကို သိရှိအောင် သင်ကြားဖို့ ခွင့်ပြုပေးခဲ့တယ်။လူတွေက ကျွန်တော်က ဝူမိသားစုဖြစ်ရပ်နဲ့ ဝူမိသားစုပညာရပ်တွေကို မသိဘူးဆိုရင် ရယ်စရာလုပ်လာနိုင်တယ်"ဝူရုန်က ရှင်းပြလိုက်တယ်။

"မင်းက မိသားစုခေါင်းဆောင်ရဲ့ခွင့်ပြုချက်ရတယ်ဆိုကတည်းက ဝူရှိနဲ့အတူလေ့ကျင့်ပေါ့။အနားယူပြီးရင် လေ့ကျင့်ကြ"အကြီးအကဲဘန်က ခေါင်းငြိမ့်ပြီးပြောလိုက်ပြီးနောက် သူက ခြံဝင်းထဲက ထွက်သွားလိုက်တယ်။

ဝူရုန်သည် ဝူရှိ၏နှာခေါင်းကို ဆွဲဆိတ်လိုက်ပြီး အံ့အားသင့်မှုကြောင့်ဟနေတဲ့ ပါးစပ်ကိုကြည့်ပြီးပြောလိုက်တယ်"ငတုံးမလေး ယင်ကောင်တွေက မင်းပါးစပ်ထဲကို ဝင်တော့မယ်။ပိတ်ထားတော့"

ဒါက တကယ့်ကိုဘဲ သူမ၏ဒုတိယအကိုရဲ့အသံဘဲ။ဝူရှိက သတိပြန်ဝင်လာပေမဲ့ သူမက ဒါကို မယုံနိုင်သေးဘူး။

COTAW(unicode)Where stories live. Discover now