Chapter(77)

5.6K 1K 14
                                    

Chapter(77)တွယ်ကပ်မယ်(၁)

"မြန်မြန်လေးမှုတ်ပေး အခုမှုတ်ပေး"ဝူရုန်က ထပ်ပြောလိုက်တယ်။

ဟေးရွမ်ရီသည် တုံ့ဆိုင်းနေပြီးမှ သူက မှုတ်ပေးလိုက်တယ်။

"အခုနမ်းတော့"ဝူရုန်က ထပ်ပြီးတောင်းဆိုလိုက်တယ်။

"....."ဟေးရွမ်ရီ

"အခုနမ်း"ဝူရုန်သည် 'တကယ်လို့မင်းကမနမ်းဘူးဆိုရင် ငါကမအိပ်တော့ဘူး'ဆိုသည့် အကြည့်နှင့်ကြည့်လိုက်တယ်။

ဟေးရွမ်ရီက ဝူရုန်၏လက်ကိုဆွဲယူ၍ သူ့နှုတ်ခမ်းတွေနှင့်ဖိကပ်ပြီး နမ်းလိုက်တယ်။

ဝူရုန်က စိတ်ကျေနပ်သွားပြီး ပျော်ရွှင်စွာသူ့ကိုယ်သူ ဟေးရွမ်ရီ၏ရင်ခွင်ထဲကို ပစ်ဝင်လိုက်ပြီး သူ့လက်တွေက ဟေးရွမ်ရီ၏ရင်ဘတ်ကို ပွတ်လိုက်တယ်။

"ဟေးရွမ်ရီ ခင်ဗျားသိလား?ကျွန်တော်က ခင်ဗျားနှင့်အတူ နှစ်သစ်ကူးရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ပြီးတော့ အတူအိပ်တာရောဘဲ။ခင်ဗျားက ကျွန်တော်နှင့်အတူရှိနေလိမ့်မယ်လို့ မမျှော်လင့်ထားဘူး"

ဟေးရွမ်ရီသည် တိတ်ဆိတ်စွာပင် နားထောင်နေလိုက်တယ်။

"ကျွန်တော်တို့ နောက်ကျရင်လည်း အတူရှိနေရအောင်နော်။ကျွန်တော်တို့အရင်..."ဝူရုန်က ပြောနေရင်းနဲ့ အရင်ဘဝတုန်းက အကြောင်းကို သတိရသွားတာနှင့် ဒေါသတကြီး ဟေးရွမ်ရီကို အော်လိုက်တယ်။

"အဲဒီအချိန်တုန်းက ခင်ဗျားက တော်တော်စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်"

ဝူရုန်သည် ဒေါသတကြီးနှင့် ဟေးရွမ်ရီ၏ဆံပင်ကို ဆွဲလိုက်တယ်။

ဟေးရွမ်ရီက ချက်ချင်းဘဲ သူ့မျက်နှာဖုံးကို မကျွတ်ကျအောင် ဆွဲထားလိုက်တယ်။

"ခင်ဗျားက ဒီလိုလုပ်ထားတာကို ကျွန်တော်က ဘယ်တော့မှမသိနိုင်ဘူးလို့ထင်နေတာလား?ခင်ဗျားက ဒီလိုဘာလို့လုပ်ထားလဲဆိုတာ ရှင်းပြသင့်တယ်။ကျွန်တော်ခင်ဗျားကို အထင်လွှဲနေတဲ့အချိန်မှာ ခင်ဗျားပျော်နေတာလး?ကျွန်တော်က ခင်ဗျား ဘာအကြောင်းပြချက်မှမပေးဘဲ ထွက်သွားတာကို မုန်းတယ်ဆိုတာ သိလား?ဘာကြောင့်လဲဆိုတော့ ခင်ဗျားဒီလိုလုပ်ရင် ကျွန်တော်က ခင်ဗျားနဲ့ဝေးကွာနေတယ်လို့ ခံစားရတယ်။ကျွန်တော်က ခင်ဗျားနားကို မရောက်နိုင်ဘူးလို့ခံစားရတယ်။ပြီးတော့ ခင်ဗျားက ကျွန်တော့်ကို မထူးမခြားဆက်ဆံတာကိုလည်း ကျွန်တော်မုန်းတယ်။ခင်ဗျားက အဲဒီလိုလုပ်ရင် ကျွန်တော်က ခင်ဗျားနှလုံးသားထဲမှာရှိတဲ့ ဘယ်အရာလောက်မှ အရေးမကြီးဘူးလို့ခံစားရတယ်"

COTAW(unicode)Where stories live. Discover now