286-287

2.4K 467 5
                                    


Chapter(286)
အလှတရားက သေစေနိုင်တယ်(1)

ပရိတ်သတ်တွေက လက်ခုပ်အော်ဘာပေးပြီးတဲ့နောက် သူတို့က စတင်ပြီးတော့ ဖြစ်ပျက်ခဲ့တာကို ပြောဆိုဆွေးနွေးကြတော့တယ်။

"အခု ဘယ်လိုဖြစ်သွားလဲဆိုတာ မင်းသိလိုက်လား?လူတွေအများကြီးက ဘာကြောင့် တစ်ချက်ထဲနဲ့ လဲကျသွားရတာလဲ?"

"ဖြစ်နိုင်တာကတော့ တစ်စုံတစ်ယောက်က အစီအရင်တစ်ခုကို အသုံးပြုပြီး ရာချီတဲ့ ကျင့်ကြံသူတွေကို တစ်ချက်ထဲနဲ့ မြေကြီးပေါ်လဲသိပ်လိုက်တာဘဲ"

"ဒါပေမဲ့ သူက ဘယ်အချိန်တုန်းက အစီအရင်ကို လုပ်လိုက်တာလဲ?ငါ သူဘယ်လိုလုပ်လိုက်တာလဲဆိုတာ မမြင်လိုက်ဘူး"

"ငါလည်း ဒါကို သတိမပြုမိဘူး။သူက အခြားလူတွေရဲ့နောက်မှာဘဲ သူ့ကိုယ်သူ ကာကွယ်နေတာဘဲမြင်လိုက်တာ။ငါက သူက ကြည့်ကောင်းတဲ့ ရုပ်ရည်ဘဲ ရှိပြီး အသုံးမကျတဲ့ လူလို့ထင်နေတာ။ဒါပေမဲ့ အံ့သြစရာကောင်းစွာဘဲ သူက ဒီလောက်ထိအန္တရာယ်များတာကို လုပ်နိုင်တယ်"

ဂိုလင်းမြို့က ဝူမိသားစုက ဒီဆွေးနွေးပြောဆိုနေတာကို ကြားတော့ အံ့သြသွားပြီး"ဒါပေမဲ့ အစီအရင်တစ်ခုကို အသက်သွင်းဖို့ဆိုရင် စိတ်စွမ်းအားတွေကို လိုအပ်တယ်မဟုတ်လား?ဝူရုန်က စိတ်စွမ်းအားရှိတာလား?"

"မဖြစ်နိုင်ဘူး"ဝူချွင်တုန်က သူ့ရဲ့အသံကို မြင့်လိုက်ပြီးငြင်းခုံလိုက်တယ်"အဲဒီအရှုံးသမားက စိတ်စွမ်းအင်မရှိဘူး"

ဒေါင်မင်ဂျီကလည်း နှာခေါင်းရှုံ့လိုက်ပြီး"သူက ကလေးဘဝကတည်းက စိတ်စွမ်းအင်မရှိတာကို စစ်ဆေးပြီးသားဘဲ။သူက ငါတို့ရဲ့မိသားစုကျောင်းကိုတောင် မသွားခဲ့ဘူး။သူ ဘယ်လိုလုပ်ပြီး အစီအရင်တွေကို သိမှာလဲ?သူက ဝူရုန်မဟုတ်ဘူး။သူက အခြားတစ်ယောက်ဘဲဖြစ်လိမ့်မယ်"

ဝူချွင်ဂျင်နှင့်ဝူရှောင်ရန်ကလည်း ဝူရုန်က စိတ်စွမ်းအင်ရှိနေတာကြောင့် သူတို့က တုန်လှုပ်သွားပြီး စကားတစ်လုံးမှ ဝင်မပြောပါဘူး။သူတို့အတွက် ဒါကို လက်ခံဖို့ ခက်ခဲပါတယ်။

"ဖြစ်နိုင်တာက သူက ကုသလိုက်ပြီး စိတ်စွမ်းအင်ရရှိလာတာဖြစ်မယ်"ဝူဘိုင်က အသံနိမ့်ပြီးပြောလိုက်တယ်။

COTAW(unicode)Where stories live. Discover now